ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အာဆီယံ-တရုတ် ရက်သတ္တပတ် ၂၀၂၄ နှင့် ဆက်စပ်လေ့လာရေး ခရီးစဉ်များ ပါဝင်တက်ရောက်

အာဆီယံ - တရုတ် ရက်သတ္တပတ် - ၂၀၂၄ (ASEAN China Week) ကို အာဆီယံ - တရုတ် ဘက်စုံမဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှု - ဆန်းသစ်တီထွင်မှုများဖြင့် ကြွယ်ဝချမ်းသာ ခြင်းဆီသို့ (ASEAN-China Comprehensive Strategic Partnership: Achieving Prosperity through Innovation) ခေါင်းစဉ်ဖြင့် သြဂုတ်လ ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ်အတွင်းရှိ ထင်ရှားသော ခရီးစဉ်ဒေသများနှင့် စီးပွားရေး လုပ်ငန်းများ လေ့လာရေးခရီးစဉ်ကို သြဂုတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ဆက်လက်ပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် -

  • သြဂုတ်လ ၁၁ ရက်တွင် အာဆီယံ - တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် မစ္စတာ ရှီကျုံးကျွင့်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးနှင့် တရုတ် ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသ အကြောင်းများ ပိုမိုသိရှိရေးအတွက် ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • သြဂုတ်လ ၁၂ ရက်တွင် အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား ပြည်သူအချင်းချင်း ယဉ်ကျေးမှုများနှင့် ဆက်သွယ်သွားလာမှုများ အပြန်အလှန်တိုးမြှင့်ခြင်းဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအပြင် ပြည်သူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုတိုးတက်လာနိုင်မှု များကို ဆွေးနွေးခဲ့။
  • သြဂုတ်လ ၁၃ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ နှင့်အတူ ချန်းကျီးမြို့နယ်တွင် ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် တုန်းတိအန်းရှာ (Tongtianxia) သဘာဝအလှရှုခင်းနေရာသို့လည်းကောင်း၊ ကောင်းကဲဟွာယဲ့အုပ်စု (Gaoke Huaye Group) စက်ရုံ မှ LED များ အလိုအလျောက်စနစ်ဖြင့် ပုံစံဒီဇိုင်းမျိုးစုံ ထုတ်လုပ်နေမှု များကိုလည်းကောင်း၊ ချိန်ကုန်းကား ထုတ်လုပ်သည့်စက်ရုံ (Chenggong Automobile) မှ Victory အမှတ်တံဆိပ်ဖြင့် မော်တော်ကားများ ထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း လေ့လာကြည့်ရှုခဲ့။
  • သြဂုတ်လ ၁၄ ရက်တွင် ချန်းကျီးမြို့မှ ပြန်လည်ထွက်ခွာခဲ့ပြီး ရှန်းရှီးပြည်နယ်၏ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုဖြစ်သော ဖျင်ယောင် (Pingyao) ရှေးဟောင်းမြို့ ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်နေမှု၊ ဖျင်ယောင်းရှေးဟောင်းမြို့၏ထင်ရှားသော လက်မှုအနုပညာဖြစ်သည့် ယွန်းထည်ပစ္စည်းများထုတ်လုပ်မှုအဆင့်ဆင့်နှင့် ယွန်းထည်ပြတိုက် နှင့် ခင်းကျင်းပြသရောင်းချနေမှုများကို လေ့လာခဲ့။
  • သြဂုတ်လ ၁၅ ရက်တွင် ဖျင်ယောင်းမြို့မှ ထိုက်ရွမ်မြို့သို့ထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ချောင် (Qiao) မိသားစုက အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့မှုများ၊ ဟုန်းဟိုင်( Honghai) ဖန်လုပ်ငန်းမှ မိရိုးဖလာနည်းစနစ်မှ ခေတ်မီဆန်းသစ်သော နည်းစနစ်များဖြင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို ခေတ်မီလှပစွာ ထုတ်လုပ်နေမှုအဆင့်အဆင့်ကိုလည်းကောင်း လေ့လာခဲ့။

အာဆီယံ- တရုတ် ရက်သတ္တပတ်အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CPC ရှန်းရှီး ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ရှန်းရှီးပြည်နယ် မြို့တော်ဝန်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် လာအိုနိုင်ငံမှ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်ခေါင်းဆောင်များ၊ အာဆီယံ - တရုတ်စင်တာမှ အတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အဆင်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးသံမှူးများ၊ ကျောင်းသားလူငယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများ ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့်  သြဂုတ်လ ၁၆ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထိုက်ရွမ်မြို့မှ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ - တရုတ်စင်တာမှ အတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးနှင့် တရုတ်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအကြောင်းများ ပိုမိုသိရှိရေးအတွက် ခရီးသွားလုပ်ငန်းစျေးကွက် မြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီးသည် ရှန်းရှီးပြည်နယ်၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုဖြစ်သော ဖျင်ယောင်ရှေးဟောင်းမြို့သို့လည်းကောင်း၊ တရုတ်နိုင်ငံ၏ကုန်သွယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၊ ဟုန်းဟိုင်( Honghai) ဖန်လုပ်ငန်းမှ မိရိုး ဖလာနည်းစနစ်မှ ခေတ်မီဆန်းသစ်သော နည်းစနစ်များဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ခေတ်မီလှပစွာ ထုတ်လုပ်နေမှုအဆင့်အဆင့်တို့ကိုလည်းကောင်း လေ့လာခဲ့။

 

 

Add new comment