တရားသောစစ်ဆင်နွှဲနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ပြည်သူလူထုက တိုင်းစစ်ဌာနချုပ်အသီးသီးသို့ စားသောက်ဖွယ်ရာများလာရောက်ဂုဏ်ပြုပေးအပ်

 နိုင်ငံရေး၊ လူမျိုးရေး၊ နယ်မြေပိုင်ဆိုင်ရေး အကြောင်းပြချက်ဖြင့် လက်နက်ကိုင် ပဋိပက္ခများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များက ရဲဝံ့စွန့်စားစွာတိုက်ခိုက်ချေမှုန်းနေခြင်းသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်း စိမ်ကို ကာကွယ်နိုင်ရန်အတွက် တရားသောစစ်ဆင်နွှဲနေခြင်းဖြစ်ပါသည်။ စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် တရားသောစစ်ဆင်နွှဲနေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်ပြည်သူများက အလှူ ငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ပေးပို့လှူဒါန်းလျက်ရှိပါသည်။

  • ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်ပြည်သူများက ပေးပို့လှူဒါန်းခဲ့ရာ-
  • ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း ၃၀၀ နှင့် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းမိသားစုက ငွေကျပ် သိန်း ၅၀ နှင့် ငွေကျပ် ၂၂ သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊
  • နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊
  • စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း ၄၅၀ ကျော်တန်ဖိုးရှိ စား သောက်ဖွယ်ရာများ၊
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းမိသားစုများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းသား/သူများက ငွေကျပ် ၆၃ သိန်းနှင့် ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ စားသောက် ဖွယ်ရာများ၊
  • စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၇) ကျောင်းဆင်းအရာရှိမိသားစုများက ငွေကျပ် ၁၇ သိန်း၊
  • နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဝန်ထမ်း မိသားစုများက ငွေကျပ် ၃၅ သိန်း ကျော်နှင့် ငွေကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ စားသောက် ဖွယ်ရာများ၊
  • နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက် ဖွယ်ရာများစသည်တို့ကိုလှူဒါန်းခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲ ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌ များနှင့် အလှူရှင်များက တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်ခဲ့။
  • ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ နိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် စေတနာရှင်အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၃၉၉ သိန်းကျော်နှင့် ငွေကျပ် ၃၆ သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာ များကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၈-၂၀၂၄)

  • တရားသောစစ်ဆင်နွှဲနေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက် ဖွယ်ရာများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့သို့ ဂုဏ်ပြုပေးအပ် လျက်ရှိရာ တာဝန်ရှိသူများက လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရ။

Add new comment