စက်သုံးဆီများ ယခုရက်ပိုင်း ပုံမှန်အနေအထားအဖြစ် ပြန်လည်ရောက်ရှိရေး ဆီအရောင်းဆိုင်များသို့ အလျင်အမြန် ရောင်းချပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင် ၂၁၀ ရှိရာတွင် စက်သုံးဆီဝယ်လို အားများ သိသိသာသာမြင့်တက်လာရာ အချို့ဆိုင်များတွင် သိုလှောင်ကန်သို့ ဆီသယ်ယာဉ် ဆီဖြည့် သွားစဉ် ခေတ္တအရောင်းရပ်ထားခြင်းများကြောင့် သုံးစွဲသူပြည်သူများက စိုးရိမ်စိတ်ဖြင့် ဝယ်ယူသုံးစွဲ လိုမှု များပြားလာပြီး ယခုရက်ပိုင်းအတွင်း ပုံမှန်အနေအထားအဖြစ် ပြန်လည်ရောက်ရှိရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ အလျင်အမြန်ရောင်းချပေးထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းသိုလှောင်ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသ ကြီး မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) ရှိ စက်သုံးဆီ သိုလှောင်ကန်စခန်းများ၌ စက်သုံးဆီကန်များအတွင်း စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေနှင့်  ဆီသယ်ယာဉ်များပေါ်သို့ စက်သုံးဆီဖြည့်တင်းနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ လတ်တလော စက်သုံးဆီ ရောင်းချနေမှုအခြေအနေများ၊ သိုလှောင်ကန်များအတွင်း ရောင်းချရန် စက်သုံးဆီသိုလှောင်ထားရှိမှု နှင့် အရန်စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ အဆိုပါတာဝန်ရှိသူများက ရှင်း လင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီသိုလှောင်ကန်မှ ဆီသယ်ယာဉ်များအပေါ်သို့ ဆီဖြည့်သွင်းသည့်စနစ် အားနည်းချက်မရှိရေး၊ အစီအစဉ်တကျ ဖြည့် သွင်းခြင်း၊ ထွက်ခွာခြင်းနှင့် ဆိုင်အရောက်မြန်ဆန်ရေးသည် အကောင်းဆုံးဖြစ်၍ ဆောင်ရွက်ကြရန်၊ အမြန်ဆုံးချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် လိုအပ်သည် များကို တာဝန်ရှိသူများ၊ ဆီဖြည့် Terminal များ၊ ဆီဘောက်ဆာကားများမှ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၈-၂၀၂၄)

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင် ၂၁၀ ရှိရာတွင် စက်သုံးဆီဝယ်လို အားများ သိသိသာသာမြင့်တက်လာရာ အချို့ဆိုင်များတွင် သိုလှောင်ကန်သို့ ဆီသယ်ယာဉ် ဆီဖြည့်သွားစဉ် ခေတ္တအရောင်းရပ်ထားခြင်းများကြောင့် သုံးစွဲသူပြည်သူများက စိုးရိမ်စိတ် ဖြင့် ဝယ်ယူသုံးစွဲလိုမှု များပြားလာပြီး ယခုရက်ပိုင်းအတွင်း ပုံမှန်အနေအထားအဖြစ် ပြန်လည် ရောက်ရှိရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ အလျင်အမြန်ရောင်းချပေးထားပြီဖြစ်။

Add new comment