(၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်း အဝေး (Forty-Sixth Meeting of the High-level Task Force on ASEAN Economic Integration-46th HLTF-EI) ကို ဩဂုတ်လ ၁၄ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင်-
- ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဦးစားပေး ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables – PEDs) များ၏ ဖြစ်ပေါ်တိုးတက်မှုများ။
- အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) (မူကြမ်း) ရေးဆွဲမှု၊ ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရန် ပြင်ဆင်မှုများနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ တင်ပြမည့်အကြံပြုချက်များ အပေါ် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အစည်းအဝေးသို့ လာအိုနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Manothong Vongsay က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၈-၂၀၂၄)
- အစည်းအဝေးတွင် ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဦးစားပေး ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables – PEDs) များ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ တင်ပြမည့်အကြံပြုချက်များ အပေါ် ဆွေးနွေးညှိနှိုင်းခဲ့။
Add new comment