မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စကောင်းဖျင်အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် မစ္စကောင်းဖျင် (Ms.Gao Ping) အား ဩဂုတ်လ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင် ရွက်နေမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကိုအခြေခံ၍ ဆွေမျိုးပေါက်ဖော်ဆက်ဆံ ရေးကို  တိုးတက်အောင်ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ဆွေးနွေးခဲ့ပါ သည်။

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၄)

  • မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စကောင်းဖျင်အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေမှု၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကိုအခြေခံ၍ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို တိုးတက် အောင်ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ဆွေးနွေးခဲ့။

Add new comment