ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဩဂုတ်လ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက-

  • ဩဂုတ်လ ၁၂ ရက်၌ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီ အစည်းအဝေးပထမနေ့တွင် မြန်မာနိုင်ငံအနေဖြင့် လာအိုနိုင်ငံ၏ ဦးစားပေးကဏ္ဍများနှင့် ၂၀၂၅ အလွန် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း မဟာဗျူဟာ အစီအစဉ်ရေးဆွဲရေး တို့ကို အပြည့်အဝထောက်ခံပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • ဩဂုတ်လ ၁၃ ရက်(အစည်းအဝေး ဒုတိယနေ့)တွင် အနာဂတ်အတွက် ရင်ဆိုင်ရမည့် စိန်ခေါ် မှုများနှင့် အခွင့်အလမ်းများအပေါ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်သုံးသပ်ရန် လိုအပ်ကြောင်းနှင့် မဟာဗျူဟာမြောက် အမြော်အမြင်ရှိမှု၊ လိုက်လျောညီထွေရှိမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု အပေါ် အလေးပေးမှုသည် ASCC ၏ အစီအစဉ်များ အပြန်အလှန်ဆက်စပ်မှုရှိပြီး ထိရောက် မှုရှိစေရန် အရေးကြီးကြောင်း ပြောကြားခဲ့။

ဩဂုတ်လ ၁၄ ရက်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ညပိုင်းတွင် ဗီယင်ကျန်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၄)

  • မြန်မာနိုင်ငံအနေဖြင့် လာအိုနိုင်ငံ၏ ဦးစားပေးကဏ္ဍများနှင့် ၂၀၂၅ အလွန် အာဆီယံ လူမှု-ယဉ် ကျေးမှုအသိုက်အဝန်း မဟာဗျူဟာ အစီအစဉ်ရေးဆွဲရေးတို့ကို အပြည့်အဝထောက်ခံပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်။

 

 

Add new comment