မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံဘက်မှဆွေးနွေးပြောကြားရာတွင်-
- မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ကြပြီး ရှည်လျားခိုင်မာသည့် ဆက်ဆံရေးသမိုင်းကြောင်းသည့်အခြေအနေများ။
- မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံ၊ ယုံကြည်စိတ်ချ ရသောနိုင်ငံအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားမည့်အခြေအနေများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို စတင်သဘောတူဆောင်ရွက်ခဲ့သည့် နိုင်ငံများ ဖြစ်သည့်အားလျော်စွာ တည်ငြိမ်အေးချမ်းရေးကို အလေးထားသည့် အခြေအနေများ။
- ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး တည်ဆောက်နေမှု အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် ပါဝင်မှုအခန်းကဏ္ဍနှင့် အာဆီယံ၏ ပဋိဉာဉ်အတိုင်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည့်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
- ရွေးကောက်ပွဲဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီ အားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ပေးနေသည့် အခြေအနေများ။
- လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ။
- မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့် ကိစ္စ ရပ်များကိုမဆို မြန်မာနိုင်ငံမှတဆင့် လုပ်ဆောင်နေမှုများအား လုံးဝလက်ခံမည် မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံ ရေးတို့အပေါ် အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်းဖြင့် ဆွေးနွေးပြော ကြားခဲ့။
တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာတွင်-
- တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမြဲထောက်ခံအားပေးနေကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှုအပေါ် တန်ဖိုးထားပါကြောင်းနှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအပေါ် အမြဲရပ်တည်ပေးလျက်ရှိကြောင်း။
- သန်းခေါင်စာရင်းကောက်ယူမှုနှင့်ကောက်ပွဲနှင့်ပတ်သက်၍ နည်းပညာကူညီမှုများနှင့် လိုအပ်သည်ကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရေး တိုက်တွန်းလိုပါကြောင်း။
- တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စသည့် ကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခိုင်ခိုင်မာမာဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း။
- တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီညွတ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကို ထောက်ခံလျက်ရှိပြီး ယခု ကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံအဖြစ် တည်ရှိ နေမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့။
အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြ ပြီး တရုတ်နိုင်ငံမှ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Wang Yi နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E. Ms. Ma Jia၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr. Sun Weidong၊ အာရှ ရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၄)
- မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံ၊ ယုံကြည်စိတ်ချရသောနိုင်ငံအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားမည့်အခြေအနေများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်ကို စတင်သဘောတူဆောင်ရွက်ခဲ့သည့် နိုင်ငံများဖြစ်သည့်အားလျော်စွာ တည်ငြိမ်အေးချမ်း ရေးကို အလေးထား။
- လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ။
- မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့် ကိစ္စရပ်များကို မဆို မြန်မာနိုင်ငံမှတဆင့် လုပ်ဆောင်နေမှုများအား လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် တရုတ် နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထား ဆောင်ရွက်လျက်ရှိ။
- တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲ ထောက်ခံအားပေးနေပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် မြန်မာ နိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေးနေမှုအပေါ် တန်ဖိုးထားပါကြောင်းနှင့် နိုင်ငံ တကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးလျက်ရှိ။
- တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍ စသည့် ကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်။
- တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီညွတ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကို ထောက်ခံလျက်ရှိပြီး မြန်မာနိုင်ငံအတွက် ထာဝရ မိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်။
Add new comment