မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများဆွေးနွေးပွဲနှင့် (၁၅) ကြိမ်မြောက် အရှ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးတက်ရောက်

          ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများဆွေး နွေးပွဲနှင့် (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကို ဩဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

  • ငွေရေးကြေးရေးတည်ငြိမ်မှုနှင့် ကြီးကြပ်စစ်ဆေးမှုဆိုင်ရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများဆွေး နွေးပွဲတွင် ဘဏ်လုပ်ငန်းကဏ္ဍ၌ ဖြစ်ပေါ်နိုင်သောဆုံးရှုံးမှုများကို ဖယ်ထုတ်ရှင်းလင်းနိုင်ရေး အတွက် လိုအပ်သည့် စွမ်းဆောင်ရည်ဆိုင်ရာ အကြောင်းအရာများ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် နီပေါ နိုင်ငံတို့ရှိ ဗဟိုဘဏ်များမှ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ရေးအပေါ် သက်ရောက်လျက် ရှိသည့် ဆုံးရှုံးနိုင်ခြေများနှင့် အဆိုပါအခြေအနေများကို ထိန်းကျောင်းနိုင်ရေးအတွက် ကြီးကြပ် စစ်ဆေးမှုများကို နိုင်ငံအလိုက် ဆောင်ရွက်နေမှုများကို ပြောကြားခဲ့။

ညနေပိုင်းတွင် (၁၅) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌများ တံခါးပိတ်အစည်းအဝေးတွင် SEACEN အဖွဲ့ဝင်နိုင်ငံများသို့ အထောက်အပံ့ပေးမှုများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိကြီး များက လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၄)

  • ဆွေးနွေးပွဲနှင့် အစည်းအဝေးတွင် ဘဏ်လုပ်ငန်းကဏ္ဍ၌ ဖြစ်ပေါ်နိုင်သောဆုံးရှုံးမှုများကို ဖယ်ထုတ်ရှင်းလင်းနိုင်ရေးအတွက် လိုအပ်သည့် စွမ်းဆောင်ရည်ဆိုင်ရာ အကြောင်းအရာများ၊ SEACEN အဖွဲ့ဝင်နိုင်ငံများသို့ အထောက်အပံ့ပေးမှုများနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး တင်ပြခဲ့။

 

Add new comment