နိုင်ငံရေး၊ လူမျိုးရေး၊ နယ်မြေပိုင်ဆိုင်ရေး အကြောင်းပြချက်ဖြင့် လက်နက်ကိုင် ပဋိပက္ခများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များက ရဲဝံ့စွန့်စားစွာတိုက်ခိုက်ချေမှုန်းနေခြင်းသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်း စိမ်ကို ကာကွယ်နိုင်ရန်အတွက် တရားသောစစ်ဆင်နွှဲနေခြင်းဖြစ်ပါသည်။ စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် တရားသောစစ်ဆင်နွှဲနေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်ပြည်သူများက အလှူ ငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ပေးပို့လှူဒါန်းလျက်ရှိပါသည်။
- နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ် သိန်း ၃၀၀ နှင့် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဝန်ထမ်းမိသားစုက ငွေကျပ်သိန်း ၅၀ နှင့် ငွေကျပ် ၂၂ သိန်းတန်ဖိုးရှိ စားသောက် ဖွယ်ရာများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း ၁၀၀ နှင့် ငွေ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း ၄၅၀ ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းမိသားစုများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များရှိ သင်တန်းသား/သူများက ငွေကျပ် ၆၃ သိန်းနှင့် ငွေကျပ်သိန်း ၁၁၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၇)ကျောင်းဆင်းအရာရှိမိသားစုများက ငွေကျပ် ၁၇ သိန်းစသည်တို့ကို လှူဒါန်းခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကော်မရှင်ဥက္ကဋ္ဌများနှင့် အလှူရှင်များက တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်ခဲ့။
အဆိုပါစားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၄)
- တရားသောစစ်ဆင်နွှဲနေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက် ဖွယ်ရာများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ဂုဏ်ပြုပေးအပ်လျက်ရှိရာ တာဝန်ရှိသူများက လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရ။
Add new comment