ယခုရက်ပိုင်းအတွင်း ပုံမှန်ကာလများထက် စက်သုံးဆီ ပိုမိုဝယ်ယူမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီ ဝယ်ယူမှုများပြားပြီး ဆီသယ်ယာဉ် မရောက်မီကာလအတွင်း စက်သုံးဆီအမယ်အချို့ အချိန်ပိုင်း ပြတ်လပ်မှုဖြစ်ပေါ်လျက် ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များကို အရေးပေါ်ထပ်မံတိုးမြှင့်ဖြည့်တင်း ဖြန့်ဖြူး ပေးလျက်ရှိပါသည်။ ထို့ပြင် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာ မည့် ဆီတင်သင်္ဘောများ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်း စက်သုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားပါသည်။
သို့ဖြစ်ပါ၍ Online Media များနှင့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက်ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူခြင်း တို့ မပြုလုပ်ကြပါရန်၊ လိုအပ်သလောက်သာဝယ်ယူ သုံးစွဲကြပါရန်နှင့် အရောင်းဆိုင်အချို့တွင်သာ စုပြုံတန်းစီ ဝယ်ယူနေခြင်းအစား တန်းစီဝယ်ယူမှုနည်းပါးသည့်ပတ်ဝန်းကျင် ရှိအခြားအရောင်းဆိုင် များသို့လည်း သွားရောက်ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ ပါရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုက်တွန်းနှိုး ဆော်ထားပါကြောင်းနှင့် အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက်မရောင်းချခြင်းမျိုး မပြုလုပ် စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၄)
- ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘော များ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်း Online Media များ နှင့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူ ခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူခြင်းတို့ မပြုလုပ်ကြပါရန်၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုက်တွန်းနှိုး ဆော်ထား။
Add new comment