နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြပြီး တရားသောစစ်ဆင်နွှဲနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ပြည်သူလူထုက တိုင်းစစ်ဌာနချုပ်အသီးသီးသို့ စားသောက်ဖွယ်ရာများလာရောက်ဂုဏ်ပြုပေးအပ်

နိုင်ငံရေး၊ လူမျိုးရေး၊ နယ်မြေပိုင်ဆိုင်ရေး အကြောင်းပြချက်ဖြင့် လက်နက်ကိုင် ပဋိပက္ခများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များက ရဲဝံ့စွန့်စားစွာတိုက်ခိုက်ချေမှုန်းနေခြင်းသည် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် တရားသောစစ်ဆင်နွှဲနေခြင်းဖြစ်ပါသည်။ စွန့်လွှတ်စွန့်စား လိုစိတ် ထက်သန်စွာဖြင့် တရားသောစစ်ဆင်နွှဲနေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်ပြည်သူ များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ပေးပို့လှူဒါန်း လျက်ရှိပါသည်။

  • နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိမြန်မာသံရုံး၊ အဖွဲ့ရုံး နှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း ပေးပို့လှူဒါန်း ခဲ့ကြပါသည်။
  • ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစု များက ငွေကျပ် ၂၈၇၇၅၅၉၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ပေးပို့လှူဒါန်းခဲ့ပါသည်။
  • အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ စေတနာရှင်အလှူရှင်များက ငွေကျပ် ၂၁ သိန်းကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးဗိုလ်ချုပ်ဝေလင်းက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
  • တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လှူဒါန်းမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်း ဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တိုင်းရင်းသားပြည်သူများစုပေါင်း၍ ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းခဲ့ ပါသည်။

အဆိုပါစားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၈-၂၀၂၄)

  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအတွက် တရားသောစစ်ဆင်နွှဲနေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာဝန်ထမ်း များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ် ဌာနချုပ်အသီးသီးသို့ ဂုဏ်ပြုပေးအပ်လျက်ရှိရာ တာဝန်ရှိသူများက လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရ။

Add new comment