၂၀၂၄ ခုနှစ် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲ ကျင်းပ

၂၀၂၄ ခုနှစ် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲကို ဩဂုတ်လ ၁၂ ရက်မှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြီး ပုလဲအတွဲပေါင်း ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ-  

  • ပုလဲရောင်းချပွဲ ပထမနေ့တွင် ပြည်တွင်း ပြည်ပမှ ရတနာကုန်သည်များသည် ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည့်   ပုလဲအတွဲများအတွက် ဈေးနှုန်းအဆိုပြုလွှာများကို သက်ဆိုင်ရာ တင်ဒါ ပုံးများအတွင်းသို့ ထည့်သွင်းခဲ့။
  • ဩဂုတ်လ ၁၃ ရက်၊ ပုလဲရောင်းချပွဲ ဒုတိယနေ့တွင် တင်ဒါအမှတ်(၁)နှင့် တင်ဒါအမှတ်(၂) တို့မှ ပုလဲအတွဲ ပေါင်း (၂၃၀) ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း(၁၇၇) တွဲရောင်းချနိုင်ခဲ့။

၂၀၂၄ ခုနှစ် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲတွင် ပုလဲအလုံးပေါင်း ၁၇၅၀၀၀၊ ပုလဲအတွဲ ပေါင်း ၇၀၀ ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဩဂုတ်လ   ၁၂ ရက်မှ ၁၅ ရက် အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်တွင် ပုလဲအတွဲပေါင်း ၂၃၀၊  ဩဂုတ်လ ၁၄ ရက်တွင် ပုလဲအတွဲပေါင်း ၂၃၀ နှင့် ဩဂုတ်လ ၁၅ ရက်တွင် ပုလဲအတွဲပေါင်း ၂၄၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား  အမေရိကန်ဒေါ်လာဖြင့် ရောင်းချပေးသွား မည် ဖြစ်ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၈-၂၀၂၄)

  • ၂၀၂၄ ခုနှစ်  (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲကို ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိ။
  • ပုလဲရောင်းချပွဲ ဒုတိယနေ့တွင် တင်ဒါအမှတ်(၁)နှင့် တင်ဒါအမှတ်(၂) တို့မှ ပုလဲအတွဲ ပေါင်း (၂၃၀) ရောင်းချပေးခဲ့ရာ ပုလဲအတွဲ ပေါင်း(၁၇၇) တွဲရောင်းချနိုင်ခဲ့။

 

 

 

 

 

Add new comment