တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit မှတင်ထားသော သိန်းနီမြို့၊ မတ္တရာနှင့် စဉ့်ကူးမြို့ နယ်တို့အား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ သေဆုံးပြီး နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ဟူသည့်သတင်းများသည် လုပ်ကြံ သတင်းအမှားများဖြစ်ပြီး တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့်ဒေသခံ များ၏ သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေရာ များကိုသာ ပစ်မှတ်ထား၍ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit မှတင်ထားသော ယင်းမာပင်မြို့နယ်၊ ထန်းတောကြီး ကျေးရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများ သာရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit မှတင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိုင်း နိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့သူများကို အတင်းအဓမ္မ စစ်သားစုဆောင်းရန် ခေါ်ဆောင် သွားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါလွှဲပြောင်း ပေးသူများကို ကော့သောင်းမြို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စနစ်တကျလက်ခံဆောင် ရွက်လျက်ရှိပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit မှတင်ထားသော ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင် ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးကို ဆောင်ရွက်စဉ် ဒေသခံများ၏ သတင်းပေးပို့မှုအရ အကြမ်းဖက်သောင်းကျန်း သူများ ခိုအောင်းနေသည့်နေရာများကိုသာ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် Mizzima တို့မှတင်ထားသော မင်းတပ်နှင့် မုံရွာမြို့နယ်တို့အတွင်းသို့ တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းများဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ ၎င်းမြို့နယ် များအတွင်း PDF အကြမ်းဖက်သမားများက ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် စုဖွဲ့နေကြောင်း သိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများသာ ဆောင်ရွက်ခဲ့ပြီး ပြည်သူများ ထိခိုက်ခဲ့မှုမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Ayeyarwaddy Time မှတင်ထားသော အင်္ဂပူမြို့နယ်တွင် စစ်မှု ထမ်းဆောင်ရန် အသက်ပြည့်သူများ၏ နေအိမ်တိုင်းကို ငွေကျပ်တစ်သိန်းခွဲအထိ တောင်းယူ နေဟူသည့်သတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းနှင့် စစ်မှုထမ်းဆောင်ရန်အတွက် ဆင့်ခေါ်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိပြီး မည်သည့် အကြောင်းနှင့်မျှ ငွေကြေးတစ်စုံတစ်ရာကောက်ခံရန် ညွှန်ကြားထားခြင်း မရှိကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၈-၂၀၂၄)
- သိန်းနီမြို့၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့အား တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သောကြောင့် ပြည်သူများသေဆုံးပြီး နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ဟူသည့် သတင်းများသည် လုပ်ကြံသတင်းအမှားများဖြစ်။
- ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးကျေးရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- ဖယောင်းတောင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် အကြမ်းဖက် မှုချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေသည့် နေရာများကိုသာ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရ။
- အင်္ဂပူမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန် အသက်ပြည့်သူများ၏ နေအိမ်တိုင်းကို ငွေကျပ်တစ် သိန်းခွဲအထိ တောင်းယူနေဟူသည့်သတင်းနှင့်ပတ်သက်၍ စစ်မှုထမ်းဆောင်ရန်အတွက် ဆင့်ခေါ် ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိပြီး မည်သည့်အကြောင်းနှင့်မျှ ငွေကြေးတစ်စုံတစ်ရာကောက်ခံရန် ညွှန်ကြားထားခြင်းမရှိကြောင်း သိရှိရ။
Add new comment