နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းပြီး အသုံးစရိတ် လျော့နည်းစေရန် EV လျှပ်စစ်သုံးမော်တော်ယာဉ်များကို တင်သွင်းဖြန့်ချိလျက်ရှိပါသည်။ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ခွင့်ပြုကုမ္ပဏီ ၃၄ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ခွင့်ပြုကုမ္ပဏီ ၅၂ ခု၊ စုစုပေါင်းကုမ္ပဏီ ၈၆ ခုမှ လျှပ်စစ်သုံးမော်တော် ယာဉ်အမျိုးအစားများဖြစ်သည့်် လူစီး ၊ Taxi ၊ လုပ် ငန်းသုံး ၊ Bus ၊ မော်တော်ဆိုင်ကယ် အမျိုးအစားများဖြစ်သည့် Bicycle ၊ Tricycle နှင့် အားသွင်း စက် (EV Charger) ၊ ယာဉ်အပိုပစ္စည်းမျိုးစုံအား တင်သွင်းရန် ခွင့်ပြုထားပါသည်။
ဩဂုတ်လ ၅ ရက်တွင် ကုမ္ပဏီ ၃၆ ခုမှ စုစုပေါင်းမော်တော်ကား ၅,၅၈၈ စီး၊ မော်တော်ဆိုင် ကယ် ၁၀,၇၁၅ စီး၊ အားသွင်းစက် ၁,၀၁၈ ခုနှင့် ယာဉ်အပိုပစ္စည်း ၁၁ ခုတို့ကို တင်သွင်းရောက်ရှိပြီး Charging Station အနေဖြင့်လည်း ၂၀ ခုဆောက်လုပ်ပြီးစီးပြီးဖြစ်ပါသည်။
EV လျှပ်စစ်သုံးမော်တော်ယာဉ်များ သုံးစွဲခြင်းဖြင့် ပြည်ပမှ လောင်စာဆီအား ဝယ်ယူတင် သွင်းနေရသည့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေခြင်း၊ လောင်စာဆီသုံးယာဉ်များမှ ထွက်ပေါ်လာသော အဆိပ်ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လူ၊ သတ္တဝါများနှင့် သစ်ပင်များ ထိခိုက်ပျက်စီး သေကြေမှုလွတ်ကင်းစေခြင်း၊ EV ယာဉ် များသွားလာရာတွင် ICE ယာဉ်များကဲ့သို့ ဆူညံသံမဖြစ်ပေါ် စေခြင်းနှင့် ပြုပြင်ထိန်းသိမ်းရန် လွယ်ကူသောကြောင့် ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ် များစွာလျော့နည်း စေခြင်းတို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ဖော်ဆောင်ခဲ့သည့် စီမံ ကိန်းများအနက် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် များစွာအကျိုးပြုသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၈-၂၀၂၄)
- အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီပေါင်း ၈၆ မှ လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးအစားများဖြစ်သည့် လူစီး ၊ Taxi ၊ လုပ်ငန်းသုံး ၊ Bus ၊ မော်တော်ဆိုင်ကယ်အမျိုးအစားများဖြစ်သည့် Bicycle ၊ Tricycle နှင့် အားသွင်းစက် (EV Charger)၊ ယာဉ်အပိုပစ္စည်းမျိုးစုံအား တင်သွင်းရန် ခွင့်ပြုထား။
- ကုမ္ပဏီ ၃၆ ခုမှ စုစုပေါင်းမော်တော်ကား ၅,၅၈၈ စီး၊ မော်တော်ဆိုင်ကယ် ၁၀,၇၁၅ စီး၊ အား သွင်းစက် ၁,၀၁၈ ခုနှင့် ယာဉ်အပိုပစ္စည်း ၁၁ ခုတို့ကို တင်သွင်းရောက်ရှိပြီး Charging Station အနေဖြင့်လည်း ၂၀ ခုဆောက်လုပ်ပြီးစီးပြီးဖြစ်။
- EV လျှပ်စစ်သုံးမော်တော်ယာဉ်များ သုံးစွဲခြင်းဖြင့် ပြည်ပမှ လောင်စာဆီအား ဝယ်ယူတင်သွင်း နေရသည့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဖော်ဆောင်ခဲ့သည့် စီမံကိန်းများအနက် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် များစွာအကျိုးပြုသည့် စီမံကိန်းတစ်ခုဖြစ်။
Add new comment