နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့ နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုး ထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့နှင့် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအိအိထွန်း၊ မအိဇင်ထွန်းနှင့် မခမ်းဘွာတို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင် နိုင်ရန် မြန်မာသံရုံးအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လှိုက်လှဲဝမ်းသာစွာဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၈-၂၀၂၄)
- နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံနှင့် အီရက်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မအိအိထွန်း၊ မအိဇင်ထွန်းနှင့် မခမ်းဘွာတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့။
Add new comment