(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၂ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည် တွင်းပြည်ပမှ ပုလဲလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ပုလဲအတွဲများနှင့် ပုဂ္ဂလိကကျောက်မျက်ရတနာ အချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံ ကြည့်ရှုခဲ့ပါသည်။
အဆိုပါပွဲကို ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ တောင်ပင်လယ်ပုလဲအလုံးပေါင်း (၁၇၅,၀၀၀)၊ အတွဲ (၇၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်တွင် တင်ဒါအမှတ်(၁)ဖြစ်သည့် ပုလဲအတွဲအမှတ်(၀၀၁)မှ (၁၁၅)တွဲအထိ ပုလဲ အတွဲ (၁၁၅) တွဲနှင့် တင်ဒါအမှတ်(၂)ဖြစ်သည့် ပုလဲအတွဲအမှတ်(၁၁၆)မှ (၂၃၀)တွဲအထိ ပုလဲအတွဲ (၁၁၅)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ဩဂုတ်လ ၁၄ ရက်တွင် တင်ဒါအမှတ်(၃)ဖြစ်သည့် ပုလဲအတွဲအမှတ်(၂၃၁) မှ (၃၄၅)တွဲအထိ ပုလဲအတွဲ (၁၁၅) တွဲနှင့် တင်ဒါအမှတ်(၄)ဖြစ်သည့် ပုလဲ အတွဲအမှတ်(၃၄၆) မှ (၄၆၀) အထိ ပုလဲအတွဲ (၁၁၅)တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်တွင် တင်ဒါအမှတ်(၅)ဖြစ်သည့် ပုလဲအတွဲအမှတ် (၄၆၁)မှ (၅၈၀)အထိပုလဲ အတွဲ (၁၂၀)တွဲနှင့် တင်ဒါအမှတ်(၆)ဖြစ်သည့် ပုလဲအတွဲအမှတ်(၅၈၁)မှ (၇၀၀)အထိ ပုလဲအတွဲ (၁၂၀)တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၈-၂၀၂၄)
- (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲတွင် ဩဂုတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ တောင်ပင်လယ်ပုလဲအလုံးပေါင်း (၁၇၅,၀၀၀)၊ အတွဲ (၇၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခင်းကျင်း ပြသရောင်းချပေးသွားမည်ဖြစ်။
Add new comment