KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများက ဗန်းမော်မြို့အတွင်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများသည် ဗန်းမော်မြို့နယ်အတွင်း စစ်ရေး ပစ်မှတ်မဟုတ်သည့် ဌာနဆိုင်ရာအဆောက်အဦနှင့် လူနေအိမ်များအား လက်နက်ကြီးများ၊ ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ဩဂုတ်လ ၁၂ ရက်တွင် အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးသည် မြို့မရပ်ကွက်ရှိ ဓမ္မပါလ လယ်ပေါ်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ဗုံးစထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်ဘဲ အေးချမ်း စွာနေထိုင်လျက်ရှိသော မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် ရက်စက် ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် တိုက်ပွဲများဖော်ဆောင်ခြင်းများ လုပ်ဆောင်မှုများကြောင့် မြို့၊ ရွာများရှိ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကာ ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၈-၂၀၂၄)

  • KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် ၂ ပါး ဗုံးစထိမှန်၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့။

Add new comment