PDF အမည်ခံအကြမ်းဖက်သမားများက တောင်သာမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်

ဩဂုတ်လ ၁၂ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား နှောင့်ယှက် ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အား လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါအကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

ထို့ပြင် PDF အမည်ခံအကြမ်းဖက်သမားများသည် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ တောင်သာစွပ်ကျယ်စက်ရုံသို့ မော်တော်ဆိုင်ကယ် ၇ စီးဖြင့် ရောက်ရှိလာပြီး စက်ရုံဝန်းတံခါးအား ရိုက်ချိုးဖျက်ဆီး၍ စက်ရုံအုပ်ချုပ်မှုရုံးနှင့် ရုံးပိုင်မော်တော်ယာဉ် ၂ စီးကို မီးရှို့ဖျက်ဆီးကာ စက်ရုံ ဝန်ထမ်းများပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ၃ စီးအား ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများ၏ အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံတော်အစိုးရ၏ စီမံကိန်းလုပ်ငန်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် Drop Bomb များ ကြဲချ တိုက်ခိုက်ခြင်းစသည့်အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူများမှ လုံးဝလက်မခံနိုင်ဘဲ နိုင်ငံ တည်ငြိမ်အေးချမ်းမှုအတွက် တပ်မတော်နှင့်အတူ လက်တွဲကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းပတ်ပိတ်ဆို့၍ လိုက်လံချေမှုန်းလျက်ရှိကြောင်းနှင့် တောင်သာမြို့နယ်အတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၈-၂၀၂၄)

  • မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မင်းကန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား နှောင့်ယှက်ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ပိုက်လိုင်းလုံခြုံရေးဆောင်ရွက် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါအကြမ်းဖက်သမားများ ဆုတ်ခွာ ထွက်ပြေးသွားခဲ့။
  • PDF အမည်ခံအကြမ်းဖက်သမားများက တောင်သာစွပ်ကျယ်စက်ရုံရှိ မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးကာ ဝန်ထမ်းများပိုင်ဆိုင်သည့် မော်တော်ဆိုင်ကယ် ၃ စီးအား ယူဆောင်၍ ထွက်ပြေးသွားခဲ့။

Add new comment