ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခင်မောင်စိုးတို့နှင့်အတူ ဩဂုတ်လ ၁၁ ရက်တွင် လာအို နိုင်ငံ၊ ဗီယန်ကျင်းမြို့ Thatluang သံဃနာယကတိပိဋက ကျောင်းတိုက်၌ကျင်းပသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ကပ် လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းရသောရည်ရွယ်ချက်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံနှင့်လာအိုနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံများဖြစ်သည့်အပြင် ရိုးရာယဉ်ကျေးမှု သမိုင်းကြောင်း နောက်ခံများလည်းတူညီသည့်အတွက် လာအိုနိုင်ငံဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့တက္ကသိုလ် များတွင် အသုံးပြုရန်အတွက် ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းရခြင်းသည် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲ စေရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်တံ့ခိုင်မြဲစေရန်ဖြစ်ပါကြောင်းတင်ပြခဲ့ပြီး ဆဋ္ဌသင်္ဂါ ယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ၊ လှူဖွယ်သင်္ကန်းများအား ဆက်ကပ်လှူဒါန်းခြင်း၊ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ Thatluang သံဃနာယကတိပိဋကကျောင်းတိုက်တွင် နိုင်ငံတော်အကြီး အကဲများလှူဒါန်းထားသည့် ဗုဒ္ဓဆင်းတုတော်များနှင့် သာသနိကအဆောက်အဦများကို လှည့်လည် ဖူးမြော်ကြည်ညိုခြင်းတို့အား ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ လာအိုအမျိုးသားဖွံ့ဖြိုးရေးတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ Mr. Dr.Chanpheng Sudthivong၊ လာအိုနိုင်ငံသတင်းအချက် အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Phosy Keomanivong နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ Thatluang သံဃနာ ယကတိပိဋက ကျောင်းတိုက်၌ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ကပ်လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ လှူဒါန်းခြင်းအခမ်းအနားသို့တက်ရောက်၊ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ၊ လှူဖွယ်သင်္ကန်းများအား ဆက်ကပ်လှူဒါန်းခဲ့။
Add new comment