မစ္စမာကျားအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်ပါသည်။
မစ္စမာကျားသည် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ ယုံးဂျီမြို့၊ ရှန်ရှီးပြည်နယ်တွင် မွေးဖွားခဲ့ပြီး တက္ကသိုလ်ဘွဲရတစ်ဦးဖြစ်ပါသည်။ ၎င်းသည် ၁၉၉၁ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာတွင် စတင်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပရှိ တရုတ်သံရုံးများတွင် ရာထူးအဆင့်ဆင့် ဖြင့် တာဝန်များထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံ၊ ဟိုနန်ပြည်နယ်၊ စန်းရှမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ယနေ့အထိ အိန္ဒိယ နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၄)
- မစ္စမာကျားအား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက သဘောတူပြီးဖြစ်။
Add new comment