ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေဘေး အန္တရာယ်ရှိသည့်နေရာများမှ ပဲခူးမြို့ရှိ ပုညကာရီဆုတောင်းပြည့်စာသင်တိုက်သို့ ယာယီရွှေ့ပြောင်း နေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၁၀ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် အမှတ် (၁၀) အခြေခံပညာအထက် တန်းကျောင်း၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၄)
- ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့သွားရောက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခဲ့။
Add new comment