၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား ကျောင်းသူများ နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်များ လှည့်လည်လေ့လာ

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့ရာ ဩဂုတ်လ ၉ ရက်တွင် MAI လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ရာ သုဝဏ္ဏဘူမိလေဆိပ်၌ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူ များက ကြိုဆိုခဲ့ကြပါသည်။

ဩဂုတ်လ ၉ ရက် ညနေပိုင်းတွင် ထူးချွန်ကျောင်းသားကျောင်းသူများသည် မြဘုရား၊ ဆက်လက်၍  ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိရာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးချစ်ဆွေက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ယင်းနောက် ထူးချွန်ကျောင်းသားကျောင်းသူ များသည် ဘန်ကောက်မြို့ရှိ Siam Ocean World နှင့် Madame Tussauds Museum သို့ လည်းကောင်း၊  Asiatique The Riverfront သို့လည်းကောင်း သွားရောက်ခဲ့ပြီး Chao Phraya River Cruise ဖြင့် ကျောက်ဖရားမြစ်တစ်လျှောက် လိုက်ပါစီးနင်းကာ  ဘန်ကောက်မြို့၏ ညဘက်ရှုခင်း များကို ကြည့်ရှုခံစားခဲ့ကြပါသည်။

ဩဂုတ်လ ၁၀ ရက်တွင် တည်းခိုရာ Holiday Inn မှ ဘန်ကောက်မြို့ Assumption University သို့ ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် ပို့ချလျက်ရှိသည့် သင်တန်းများအကြောင်း လေ့လာခဲ့ကြပြီး  တက္ကသိုလ်ပရဝဏ်အတွင်း trams ရထားဖြင့် လိုက်လံ ကြည့်ရှုခဲ့ကြပါသည်။ ယင်းနောက် ထူးချွန်ကျောင်းသားကျောင်းသူများသည် Assumption University မှ ဆက်လက်ထွက်ခွာကြရာ Nongnooch Tropical Garden ပန်းခြံအတွင်းရှိ ပြကွက်များ၊ Museum များကိုလည်းကောင်း၊ Najomtien Beach နှင့် ပတ္တရားကမ်းခြေတစ်လျှောက် ကမ်းခြေအလှ ကိုလည်းကောင်း ကြည့်ရှုခံစားရင်း Pattaya Viewpoint တွင် အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၈-၂၀၂၃)

  • ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အလည်အပတ်စေလွှတ်ခဲ့။

 

 

 

 

 

Add new comment