ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံအား ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်၍ အချို့လူနာများအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လူမဆန်သော ရက်စက် ယုတ်မာသည့်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ-
- ဩဂုတ်လ ၆ ရက်နှင့် ၉ ရက်တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြို့တော်ခန်းမရှေ့၌လည်းကောင်း။
- ဩဂုတ်လ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့ရှိ ဗန္ဓုလကျောက်တိုင်ကားရပ်နားကွင်း၌လည်းကောင်း။
- ဩဂုတ်လ ၁၀ ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း နာရီစင်၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့။
အဆိုပါကန့်ကွက်ရှုတ်ချပွဲများသို့ တက်ရောက်လာသူများက “MNDAA အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူရာနှင့်ချီ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော လူမဆန်သည့်လုပ်ရပ်အား ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်”၊ “တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ခန္ဓာစွန့်၍ တိုက်ပွဲဝင်နေ ကြသော တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဦးညွှတ်ဂုဏ်ပြု ပါသည်”စသည့် ဗီနိုင်းများကိုင်ဆောင်၍ အပြစ်မဲ့ပြည်သူများစွာကို ရက်စက်စွာသတ်ဖြတ်နေသည့် အကြမ်းဖက်သမားများ အလိုမရှိ၊ အကြမ်းဖက်အဖွဲ့များကို အမြစ်ဖြတ်နှိမ်နင်းဆောင်ရွက်ပေးရေး ဒို့အရေး၊ ပြည်သူကိုသတ်ဖြတ်နေသည့် အကြမ်းဖက်အဖွဲ့များ ကျရှုံးပါစေ၊ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ ပြည်ဖျက်မိစ္ဆာတွေကို တိုက်ထုတ်ကြပါစို့”စသည့် ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၈-၂၀၂၄)
- MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ များအား အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချပွဲများကို ဇမ္ဗူ သီရီမြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် ဘားအံမြို့တို့တွင် ပြုလုပ်ခဲ့။
- အဆိုပါကန့်ကွက်ရှုတ်ချပွဲများကို တက်ရောက်လာကြသူများက “MNDAA အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူရာနှင့်ချီ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော လူမဆန်သည့်လုပ် ရပ်အား ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်”၊ “တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ခန္ဓာစွန့်၍ တိုက်ပွဲဝင်နေကြသော တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဦးညွှတ်ဂုဏ်ပြုပါသည်”စသည့် ဗီနိုင်းများကိုင်ဆောင်၍ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ ပြည်ဖျက် မိစ္ဆာတွေကို တိုက်ထုတ်ကြပါစို့”စသည့် ကြေးကြော်သံများနှင့်အတူ ဆန္ဒထုတ်ဖော်ခဲ့။
Add new comment