နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြပြီး တရားသောစစ်ဆင်နွှဲနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ပြည်သူလူထုက တိုင်းစစ်ဌာနချုပ်အသီးသီးသို့ စားသောက်ဖွယ်ရာများလာရောက်ဂုဏ်ပြုပေးအပ်

နိုင်ငံရေး၊ လူမျိုးရေး၊ နယ်မြေပိုင်ဆိုင်ရေး အကြောင်းပြချက်ဖြင့် လက်နက်ကိုင် ပဋိပက္ခများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များက ရဲဝံ့စွန့်စားစွာတိုက်ခိုက်ချေမှုန်းနေခြင်းသည် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် တရားသောစစ်ဆင်နွှဲနေခြင်းဖြစ်ပါသည်။ စွန့်လွှတ်စွန့်စား လိုစိတ် ထက်သန်စွာဖြင့် တရားသောစစ်ဆင်နွှဲနေကြသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်ပြည်သူ များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ပေးပို့လှူဒါန်း လျက်ရှိပါသည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းရာတွင်-

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစု များက ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာ များကိုလည်းကောင်း။
  • တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်လေးဆယ့် နှစ်သိန်းနှင့် ငွေကျပ် ငါးဆယ့်ခုနှစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဝန်ထမ်းမိသားစုများက ငွေကျပ်လေးဆယ့် ခုနှစ်သိန်းခြောက်သောင်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်း ငါးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
  • ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၉၉) ကျောင်းဆင်း အရာရှိမိသားစုများက ငွေကျပ်ကိုးဆယ့် ကိုးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း။
  • မြန်မာ-ထိုင်း-စင်္ကာပူ-အမေရိကန်ရောက် အမျိုးသားရေးညီအစ်ကိုများက ငွေကျပ်ခုနှစ်ဆယ့် တစ်သိန်းကိုလည်းကောင်း။
  • ဘုန်းစံကျော်အောင်ဆောက်လုပ်ရေးကုမ္ပဏီမှ မိသားစုများက ငွေကျပ်သိန်းသုံးဆယ်တန်ဖိုး ရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း လှူဒါန်းခဲ့ကြပါသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းရာတွင်-

  • ရှမ်းပြည်နယ်အစိုးရအဖွဲ့ စေတနာရှင်ပြည်သူလူထုနှင့် အလှူရှင်များက စားသောက်ဖွယ်ရာ များနှင့် အဝတ်အထည်များကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးထံဂုဏ်ပြု ပေးအပ်ခဲ့။

အဆိုပါစားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၈-၂၀၂၄)

  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအတွက် တရားသောစစ်ဆင်နွှဲနေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာဝန်ထမ်း များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ် ဌာနချုပ်အသီးသီးသို့ ဂုဏ်ပြုပေးအပ်လျက်ရှိရာ တာဝန်ရှိသူများက လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရ။

Add new comment