ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃)၊ ရဲဗလတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်ဦးကျော်စိုး၊ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်းနှင့် ရဲအရာရှိကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးသည် ဒုတိယ ရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအားစစ်ဆေးခဲ့ပြီးနောက် ရဲချုပ်က အကောင်းဆုံးကျောင်းသားဆု၊ ဥပဒေဘာသာရပ်ထူးချွန်ဆု၊ အင်္ဂလိပ်စာထူးချွန်ဆု၊ လေ့ကျင့်ရေးထူးချွန်ဆု၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပြီး ရဲချုပ်က အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ် (၁၁၇) ရဲဗလတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား(၂၁၇)ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး (၁၂၉)ဦး၊ စုစုပေါင်း (၃၄၆)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၃)

  • ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃)၊ ရဲဗလတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ၊ တပ်တွင်းဘွဲ့ရ အမျိုးသား (၂၁၇) ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး (၁၂၉) ဦး၊ စုစုပေါင်း (၃၄၆) ဦးတို့ကို သင်တန်းဆင်းပေး ခဲ့ကြောင်းသိရှိရ။

 

 

 

 

Add new comment