ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဘရူနိုင်းဒါရုဆလမ်နိုင်ငံဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်H.E. Mr. Ajman Bin Haji Meludin ၏ ဖိတ်ကြားချက်အရ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့တွင် ဩဂုတ်လ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည့် (၂၂) )ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲ များအစည်းအဝေး၊ (၇))ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲ များအစည်းအဝေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့ပြီး ဩဂုတ်လ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ဩဂုတ်လ ၅ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပသည့် “အနာဂတ်တွင် အာဆီယံနိုင်ငံ့ဝန်ထမ်းကဏ္ဍ ခိုင်မာအားကောင်းရေးနှင့် အံဝင်ခွင်ကျ ဖြစ်စေရေး” အစည်းအဝေးများကို လည်းကောင်း၊ ဩဂုတ်လ ၆ ရက် တွင်ကျင်းပသည့် “ကောင်းမွန် သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်” ကိုလည်းကောင်း တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးများ၌ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍလုပ်ငန်း စီမံချက် (၂၀၂၁-၂၀၂၅) နှင့် အာဆီယံအပေါင်းသုံး နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးအတည်ပြုခြင်း၊ အခြားဆက်စပ်အစည်း အဝေးများတွင် အာဆီယံထုတ်ပြန်ချက်အပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) ရေးဆွဲရေးအတွက် လုပ်ငန်းစဉ် များတင်ပြခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၄)
- ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ဩဂုတ်လ ၅ ရက်နှင့် ၇ ရက်တို့တွင် ကျင်းပသည့် “အနာဂတ်တွင် အာဆီယံနိုင်ငံ့ဝန်ထမ်းကဏ္ဍ ခိုင်မာအားကောင်းရေးနှင့် အံဝင်ခွင်ကျ ဖြစ်စေ ရေး” အစည်းအဝေးများကို လည်းကောင်း၊ ဩဂုတ်လ ၆ ရက် တွင်ကျင်းပသည့် “ကောင်းမွန် သော အုပ်ချုပ်မှုဆိုင်ရာဖိုရမ်” ကိုလည်းကောင်း တက်ရောက်ခဲ့။
Add new comment