ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.Abhay Thakur နှင့်အဖွဲ့အား ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား အပြန်အလှန် သတင်းမှန်များ ထုတ်လွှင့်နိုင်ရေး၊ အိန္ဒိယ နိုင်ငံ အကူအညီဖြင့် တည်ဆောက်မည့် စာဆိုဗိမာန်အဆောက်အဦကို စက်တင်ဘာလတွင် မင်္ဂလာပန္နက် တင်နိုင်ရေး၊ စီးပွားရေးကဏ္ဍ၊ ခရီးသွားမြှင့်တင်ရေးကဏ္ဍ၊ စာပေနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဆက်ဆံ ရေး ပိုမိုတိုးမြှင့်သွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
- နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တွေဆုံစဉ် ရှိရင်းစွဲ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ် ကြည်ရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ပေါင်းစည်းဆက်နွှယ်မှု စီမံကိန်းများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ စီမံခန့်ခွဲမှုဆိုင်ရာ ယန္တရားများ အပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိမည့် ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီးက အိန္ဒိယနိုင်ငံနှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းကုန်သွယ်ရေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ ယဉ်ကျေးမှု၊ စီးပွားရေးကိစ္စရပ်များနှင့် ချစ်ကြည်ရင်းနှီးမှုကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအတွက် ဆန်အိတ်နှင့် ဂျုံအိတ် များ၊ ကိုဗစ်ကာလအတွင်း ကာကွယ်ဆေးလှူဒါန်းမှုများအတွက် ကျေးဇူးတင်ကြောင်း၊ တိုင်း ဒေသကြီးအတွင်း အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ ထပ်မံ လာရောက်လုပ်ကိုင်မည်ဆိုပါက ဖိတ်ခေါ်ကြိုဆိုကြောင်းနှင့် လိုအပ်သည့်ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံစီးပွားရေး ကိစ္စ ရပ်များ ဆွေးနွေးပြောကြားခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ခရီးသွားမြှင့်တင်ရေးကဏ္ဍ၊ စာပေနှင့်ယဉ်ကျေးမှုကဏ္ဍများ၊ နှစ်နိုင်ငံ နယ်စပ် ဒေသ စီမံခန့်ခွဲမှုဆိုင်ရာ ယန္တရားများအပါအဝင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိမည့် ကဏ္ဍများ တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment