မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဩဂုတ်လ ၇ ရက်တွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင်-
- MWCDF၊ အိန္ဒိယနိုင်ငံ Barefoot College နှင့် မြန်မာနိုင်ငံ၊ အိန္ဒိယသံရုံးတို့ ပူးပေါင်းပြီး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆိုလာနည်းဖြင့် မီးရရှိစေရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း။
- ကလေးသူငယ်များအခွင့်အရေးများရရှိစေရေးအတွက် မိဘ၊ အုပ်ထိန်းသူများအနေဖြင့် ပြုစု လေ့ကျင့်ပေးနိုင်ရေးကို အဓိကထားကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးသည့် ကောင်းမွန်စွာဆက်ဆံခြင်းစီမံကိန်း (Good Treatment Project) ကိုလည်း အသင်းတည်ထောင် သည့် ကာလအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
- အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ကလေးသူငယ်များ၏ ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ တိုက်ပွဲရှောင်နှင့် သဘာဝဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ၊ ကိုဗစ် (၁၉) ကာလအတွင်း ကျေးလက် နေ အမျိုးသမီးဦးဆောင် အိမ်ထောင်စုများအတွက် သက်မွေးသင်တန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာဝေဝေသာက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသမီး များနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းမှ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာနန္ဒာမွှန်း က “ရှေ့သို့လှမ်းချီ အာဆီယံနိုင်ငံများရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုး တက်ရေးဆီ” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၏ ဆောင်ပုဒ်ဖြစ်သော “လုံခြုံလှပဘဝများ အမျိုးသမီးနှင့် ကလေးများရစေသား” Documentary Movie နှင့် ကောင်းမွန်စွာဆက်ဆံခြင်းမှသည် ပြောင်းလဲခြင်းဆီသို့ ဦးတည်ဆောင်ရွက်သည့် အသင်း၏ လှုပ်ရှားမှုမှတ်တမ်းကို ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ပဲခူးတိုင်းဒေသကြီးမှ ဆောင်းပါးဆုများရရှိသူနှင့် ရှမ်းပြည်နယ်မှ လူမှုရေးထူးချွန်ဆုရရှိသူတို့ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ကချင်ပြည်နယ်မှ လူမှုရေးထူးချွန်ဆုရရှိသူကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကချင်ပြည်နယ်မှ World Vision International Founder Award ရရှိသူကိုလည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခင်းကျင်းပြသထားသည့် ဓာတ်ပုံမှတ်တမ်းပြခန်းနှင့် ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာ အားပေးခဲ့ကြပါသည်။ ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အရ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝ မြှင့်တင်ရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၄)
- မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၏ (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ကြူကြူလှနှင့် ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ချီးမြှင့်ခဲ့။
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ ကလေးသူငယ်များ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများ၊ တိုက်ပွဲရှောင်နှင့် သဘာဝဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ၊ ကိုဗစ် (၁၉) ကာလအတွင်း ကျေးလက်နေ အမျိုးသမီးဦးဆောင် အိမ်ထောင်စုများအတွက် သက်မွေး သင်တန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့။
Add new comment