နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၅၇) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဩဂုတ်လ ၇ ရက်တွင်ကျရောက်သော (၅၇) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်မှာ-

  • အာဆီယံအသင်းကြီးကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်တွင် ဗိသုကာကြီး (၅)ဦးက ဉာဏ် အမြော်အမြင်ကြီးမားစွာဖြင့်စတင် ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း (၅၇) နှစ်အတွင်း စတင်တည် ထောင်ခဲ့သူ အဖွဲ့ဝင်များ၏မျှော်မှန်းချက်များကို အာဆီယံအသင်းကြီးအနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်လျက်ရှိသလို ကမ္ဘာတွင် အစိုးရအချင်းချင်းအကြား ဖွဲ့စည်း ထားသော အဖွဲ့အစည်းများအနက် အောင်မြင်မှုအရှိဆုံး အဖွဲ့အစည်းတစ်ခုအဖြစ်လည်း အသိအမှတ်ပြုလာကြကြောင်း။
  • အာဆီယံအသင်းကြီးသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ အတွက် ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်လျက်ရှိပြီး အသင်းကြီး၏ တိုးတက်ပြောင်းလဲမှု သမိုင်းတစ်လျှောက်တွင် စိန်ခေါ်မှုများရှိသော်လည်း ဒေသတွင်းနှင့် ဒေသပြင်ပတို့တွင် ဖြစ် ပေါ်နေသည့် နက်နဲသိမ်မွေ့လှသော ပထဝီနိုင်ငံရေးနှင့် လူမှု-စီးပွား စိန်ခေါ်မှုများကို ထိရောက်အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့ကြောင်း။
  • အာဆီယံအနေဖြင့် ပြည်သူဗဟိုပြု၊ ပြည်သူကို ဦးတည်သည့် အသင်းကြီးဖြစ်သည်နှင့်အညီ အာဆီယံအသိုက်အဝန်း တည်ထောင်သော လုပ်ငန်းစဉ်မှာ အဓိပ္ပာယ်ပြည့်ဝစွာ အားလုံး ပါဝင်ရေးအတွက် မိမိတို့၏ကြိုးစားအားထုတ်မှုတိုင်းမှာ အာဆီယံပြည်သူများကို မဏ္ဍိုင်ပြု သွားမည်ဖြစ်ကြောင်း။
  • တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) နှင့်အညီ အာဆီယံအသိုက်အဝန်းတည်ထောင်မှု လုပ်ငန်းစဉ်များတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့်အတူတကွ တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး၏ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့သဖြင့် အာဆီယံနှင့်တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် ပိုမိုကျယ်ပြန့် နက်ရှိုင်းလာခဲ့ပြီး အာဆီယံ အသိုက်အဝန်း (၃) ခုလုံးအောက်ရှိ တည်ထောင်ထားရှိပြီးဖြစ်သော အရေးပါသည့် ယန္တရားများမှ တစ်ဆင့် သိသာထင်ရှားသော အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ယခု အရှိန်အဟုန်ဖြင့် အာဆီယံ-ရုရှား မိတ်ဖက်ဆက်ဆံရေး၏ ဆွေးနွေးဖက် ဆက်ဆံရေးညှိနှိုင်းရေးမှူးတာဝန်ကိုလည်း ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားကာ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ မိမိတို့ပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းကြရာတွင် ချော မွေ့စေရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းဖြင့် သဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၄)

  • နှစ်ပေါင်း (၅၇) နှစ်အတွင်း စတင်တည်ထောင်ခဲ့သူ အဖွဲ့ဝင်များ၏မျှော်မှန်းချက်များကို အာဆီယံ အသင်းကြီးအနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်လျက်ရှိသလို ကမ္ဘာတွင် အစိုးရ အချင်းချင်းအကြား ဖွဲ့စည်းထားသော အဖွဲ့အစည်းများအနက် အောင်မြင်မှုအရှိဆုံးအဖွဲ့ အစည်း တစ်ခုအဖြစ်လည်း အသိအမှတ်ပြုလာကြ။
  • အာဆီယံအနေဖြင့် ပြည်သူဗဟိုပြု၊ ပြည်သူကို ဦးတည်သည့် အသင်းကြီးဖြစ်သည်နှင့်အညီ အာဆီယံအသိုက်အဝန်း တည်ထောင်သော လုပ်ငန်းစဉ်မှာ အဓိပ္ပာယ်ပြည့်ဝစွာ အားလုံးပါဝင်ရေး အတွက် မိမိတို့၏ကြိုးစားအားထုတ်မှုတိုင်းမှာ အာဆီယံပြည်သူများကို မဏ္ဍိုင်ပြုသွားမည်ဖြစ်။
  • တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) နှင့်အညီ အာဆီယံအသိုက်အဝန်းတည်ထောင်မှု လုပ်ငန်းစဉ်များတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့်အတူတကွ တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိ။
  • မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး၏ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့သဖြင့် အာဆီယံ အသိုက်အဝန်း () ခုလုံးအောက်ရှိ တည်ထောင်ထားရှိပြီးဖြစ်သော အရေးပါသည့် ယန္တရားများမှ တစ်ဆင့် သိသာထင်ရှားသော အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင်ခဲ့။

 

Add new comment