သတင်းအမှတ်( )
MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်း နှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသင်းအဖွဲ့များက သဘောထားများထုတ်ပြန်
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့ တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက် ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် စစ်ရေးနှင့်မသက်ဆိုင်သည့် လားရှိုးမြို့အတွင်းရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ နှင့် Drone များ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ကျန်ရှိ သည့်ဒေသခံပြည်သူများမှာလည်း ယာယီနေရပ်စွန့်ခွာနေရကြောင်း သိရှိရပါသည်။
- ဩဂုတ်လ ၇ ရက်တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ဒေသခံပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ မိသားစုများ ဆေးရုံတက်ရောက်ကုသနေသည့်ဆေးရုံအား အကြမ်းဖက်တိုက်ခိုက် ခြင်း၊ လူနေရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ Drone များဖြင့် တိုက်ခိုက်ခြင်းနှင့် သာသနိကအဆောက်အဦများ စစ်ရေးအတွက် အသုံးပြုနေခြင်းတို့ကို လုံးဝ(လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ကန့်ကွက်ရှုတ်ချပါကြောင်း ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA (ရှမ်းပြည်နယ်)နှင့် ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း တို့က သဘောထားများထုတ်ပြန်ခဲ့။
- ဩဂုတ်လ ၈ ရက်တွင် ပြည်သူလူထုအနေဖြင့် မည်သည့်နေရာဒေသ၊ မည်သည့်အခြေအနေ တွင်မဆို ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခံစားရမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဆေးရုံကို တိုက်ခိုက်ခြင်းအား ဆန့်ကျင် ကန့်ကွက်ကြောင်း၊ မိခင်နှင့်ကလေးများအပါအဝင် လူနာများနှင့်ကျန်းမာရေးဝန်ထမ်းများ အား ထိခိုက်မှုမရှိစေရေး၊ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထားရှောင်ရှားပေးပါရန် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက သဘောထားထုတ်ပြန်ခဲ့။
- ဩဂုတ်လ ၉ ရက်တွင် ထိုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု (War Crime) မြောက်သည့် လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ် များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းကို မန္တလေးမြို့တွင် နေထိုင်လျက်ရှိသည့် ကိုးကန့်တိုင်းရင်းသားမိသားစုများက သဘောထားထုတ်ပြန်ခဲ့။
ယခုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု (War Crime) မြောက် သည့် လူမဆန်စွာရက်စက်ယုတ်မာ ရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်း နှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းကို ဩဂုတ်လ ၄ ရက်တွင် လူမှုရေးနှင့် ဘာသာရေးအဖွဲ့ အစည်း (၂၅) ဖွဲ့က သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ပြီး ဩဂုတ်လ ၅ ရက်တွင် အသင်းအဖွဲ့ စုစု ပေါင်း (၁၁) ဖွဲ့က လည်းကောင်း၊ ဩဂုတ်လ ၆ ရက်တွင် အသင်းအဖွဲ့ (၄) ဖွဲ့က လည်းကောင်း၊ ဩဂုတ်လ ၇ ရက်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ရှမ်းပြည်နယ်)နှင့် ကိုးကန့်တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) တို့က လည်းကောင်း၊ ဩဂုတ်လ ၈ ရက်တွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းကလည်းကောင်း၊ ဩဂုတ်လ ၉ ရက်တွင် မန္တလေးမြို့တွင် နေထိုင်လျက် ရှိသည့် ကိုးကန့်တိုင်းရင်းသားမိသားစုများက လည်းကောင်း သဘောထားများအသီးသီး ထုတ်ပြန်ခဲ့ ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၄)
- MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့မှုနှင့်ပတ်သက်၍ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များ လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ်လ ၉ ရက်အထိ လူမှုရေးနှင့်ဘာသာရေးအဖွဲ့အစည်းများအပါအဝင် အသင်းအဖွဲ့ပေါင်း (၄၃) ဖွဲ့နှင့် မန္တလေး မြို့တွင် နေထိုင်လျက်ရှိသည့် ကိုးကန့်တိုင်းရင်းသားမိသားစုများက သဘောထားများ အသီး သီးထုတ်ပြန်ခဲ့။
Add new comment