ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ တက်ရောက်

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် ဆောင်ရွက်သည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင် ရေးဆွေးနွေးပွဲအခမ်းအနားကို ဩဂုတ်လ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက Virtual စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက-

  • စက်မှုဝန်ကြီးဌာန၏ မူဝါဒရည်မှန်းချက်အနေဖြင့် ၂၀၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ရန် ရည်မှန်းထားကြောင်း၊ မဲခေါင် - လန်ချန်း အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းပါလုပ်ငန်းများသည် စက်မှုကဏ္ဍနှင့်သက်ဆိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း၊
  • စက်မှုကဏ္ဍ၌ စွမ်းအင်သုံးစွဲမှုများသည် စက်ရုံအလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ် ကျင့် သုံးနိုင်ရန်နှင့် စွမ်းအင်မန်နေဂျာများ မွေးထုတ်ပေးမှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ် ပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင်လည်း စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး နည်းပညာ များကို အသုံးချရန်နှင့် စွမ်းအင်စွမ်းဆောင်ရည် မြင့်မားသည့် စက်နှင့်စက်ပစ္စည်း ကိရိယာများ အသုံးပြုဆောင်ရွက်သွားရန် စသည့်လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊
  • ယခုဆွေးနွေးပွဲသည် ရန်ကုန်မြို့တွင်ရှိသည့် စားသောက်ကုန်လုပ်ငန်းအများစုအတွက် ရည် ရွယ်ပြီး စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး နည်းပညာများ မျှဝေသွားမည်ဖြစ်ကြောင်း၊ စွမ်းအင် အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ နည်းပညာများနှင့် စားသောက်ကုန်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးပြောကြားပေးမည်ဖြစ် ကြောင်းပြောကြားခဲ့။

သက်ဆိုင်ရာတာဝန်ရှိသူများက စွမ်းအင်အကျိုးရှိထိရောက်စွာဆောင်ရွက်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ စွမ်းအင်အကျိုးရှိထိရောက်ရန် ဆောင်ရွက် နိုင်ရေးအတွက် နည်းလမ်းများချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဖွဲ့ဝင်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာ) မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စားသောက်ကုန်လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၄)

  • စက်မှုဝန်ကြီးဌာန၏ မူဝါဒရည်မှန်းချက်အနေဖြင့် ၂၀၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ရန် ရည်မှန်းထား။
  • မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းပါလုပ်ငန်းများသည် စက်မှုကဏ္ဍ နှင့်သက်ဆိုင်သည့် လုပ်ငန်းများဖြစ်။
  • ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင်လည်း စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး နည်းပညာ များကို အသုံးချရန်နှင့် စွမ်းအင်စွမ်းဆောင်ရည် မြင့်မားသည့် စက်နှင့်စက်ပစ္စည်း ကိရိယာများ အသုံးပြုဆောင်ရွက်သွားရန် စသည့်လုပ်ငန်းစဉ်များ ပါဝင်။

Add new comment