ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များနှင့် သီးခြားစီ လက်ခံတွေ့ဆုံ

          ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် ဩဂုတ်လ ရက်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Titon Mitra ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူးနှင့် ကိုယ်စားလှယ် Ms.Sara Austin Netzer နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi တို့ကို နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဧည့်ခန်းမများ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည်  UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် UNDP တို့အကြား လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်နှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်အဖွဲ့ တို့ကို သီးခြားစီတွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNDP နှင့် UNOPS တို့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် UNOPS မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် UNHCR မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင် အရ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ UNHCR နိုင်ငံခြားသားဝန်ထမ်း များ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုနှင့် ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ UNHCR အနေဖြင့် လုပ်ငန်းဆိုင်ရာ အသုံးပြုမည့်ပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင်ကူညီဆောင် ရွက်ပေးမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ သက်ဆိုင်ရာဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၄)

  • တွေ့ဆုံပွဲများတွင် မြန်မာနိုင်ငံ၌ UNDP နှင့် UNOPS တို့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်း စီမံချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ များတွင် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် UNHCR အနေဖြင့် လုပ်ငန်းဆိုင်ရာ အသုံးပြုမည့်ပစ္စည်းများ ပြည်ပမှတင်သွင်း ရာတွင်ကူညီဆောင်ရွက်ပေးမှုအခြေအနေအား ဆွေးနွေးခဲ့။

 

 

 

 

Add new comment