သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးအမှာစကားပြောကြား ခဲ့ပါသည်။
- မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းသည် အဓိကကျကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ်မှုများ အားကောင်းလာစေရေးအတွက် အဓိကစိုက်ပျိုး သီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုးရမည် ဖြစ်ကြောင်း။
- ဆီထွက်သီးနှံနှင့်ပတ်သက်၍ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် ဆီအုန်းများသည် မိမိတို့ နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော်လည်း စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်း နေရကြောင်း၊ မြေပဲနှင့်နှမ်းများကို ဆီအဖြစ်စားသုံးခြင်း၊ ပို့ကုန်များအဖြစ် ပြည်ပသို့တင်ပို့ ခြင်းနှင့် မိရိုးဖလာအစားအစာအဖြစ် အသုံးပြုခြင်းများရှိကြောင်း။
- အလားတူ နေကြာသည်လည်း ဆီထွက်သီးနှံများတွင် တွက်ခြေကိုက်သည့် ဆီထွက်သီးနှံ တစ်ခုဖြစ်သဖြင့် ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့် (၄) ချက် နှင့် စနစ်တကျဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှုများ တိုးတက်စေရေး စိုက်ပျိုးတောင်သူ များကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း။
- နေကြာမျိုးများရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆီထွက်သီးနှံများ ပိုမို ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုများ တိုးတက် လာမည်ဖြစ်ကြောင်း။
- စိုက်ပျိုးရေးကို တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုသည့်ပျားမွေးမြူရေးလုပ်ငန်းများကို လည်း စနစ်တကျဆောင်ရွက်နိုင်မည်ဆိုပါက ပျားရည်ထုတ်လုပ်ရေးတွင်လည်း များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
- ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်နှစ်က ဝါစိုက်ပျိုးဧက ၅ သိန်း ခန့်ရှိခဲ့သော်လည်း အထွက်နှုန်းနည်းပါးခဲ့ကြောင်း၊ ဝါစိုက်ပျိုးမှုမှ ထွက်ရှိသည့် ဝါမှ ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို) နှင့် ဝါစေ့များထွက်ရှိလာမည်ဖြစ်ပြီး ဝါစေ့မှ ဝါစေ့ဆီနှင့် တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင် ကြောင်း၊ ဝါဂွမ်းကိုလည်း ချည်မျှင်ရှည်ဝါများဖြင့် အဆင့်မြင့်ချည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း။
- ဝါစိုက်ပျိုးမှုသည် နိုင်ငံအတွက်ဝတ်ရေးကို များစွာအထောက်အကူပြုစေကြောင်း၊ ဝါဂွမ်းမှ ချည်နှင့်ချည်ပိတ်များထုတ်လုပ်၍ ရောင်းချနိုင်မည်ဆိုပါက ဝင်ငွေများပိုမိုရရှိနိုင်မည်ဖြစ် ကြောင်း၊ ချည်ထုတ်လုပ်မှုများ တိုးတက်စေရေးအတွက် စက်မှုလုပ်ငန်းများဖြင့် တိုးတက် အောင်ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ဝါဖြင့် ချည်များကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ပါက ဝင်ငွေများ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း။
- ဝါစေ့ဆီမှ ဆီထုတ်လုပ်ခြင်း၊ ဆီထွက်သီးနှံများမှ ဆီထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် အရည်အသွေးကောင်းမွန်သည့် ဆီများရရှိစေရေးအတွက် အရည်အသွေးကောင်းမွန် သည့် ဆီကြိတ်စက်များဖြင့် ကြိတ်ခွဲနိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း။
- စပါးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နွေစပါးတိုးချဲ့စိုက်ပျိုးခြင်း၊ စပါးပြီး စပါးစိုက်ပျိုးခြင်း၊ စပါးပြီး အခြားသီးနှံစိုက်ပျိုးခြင်း၊ နွေစပါး ပြန်လည်စိုက်ပျိုးခြင်းများကို ဆောင်ရွက်ပြီး သီးထပ်စိုက်ပျိုးမှုများတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
- မွေးမြူရေးနှင့်ပတ်သက်၍ စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်လို ကြောင်း၊ ဒေသန္တရရှိနေသည့် နွား၊ ဝက်၊ ကြက်နှင့် ဆိတ်များကို မွေးမြူရာတွင်လည်း နည်းစနစ်တကျမွေးမြူမည်ဆိုပါက အောင်မြင်ဖြစ်ထွန်းနိုင်သည်ကိုတွေ့ရကြောင်း၊ အလားတူ အထွက်ကောင်းမျိုးများကိုလည်း မွေးမြူသွားရန်လိုကြောင်း။
- မွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့်တိရစ္ဆာန်အစာများသည်လည်း ဒေသတွင်း၌ ရရှိနိုင် သည်များရှိကြောင်း၊ စနစ်တကျဖြင့် လှောင်၍မွေးမြူသည့် မွေးမြူရေးလုပ်ငန်းများမှ ရရှိလာသည့် စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် အပြန်အလှန် အကျိုးပြုသည့်လုပ်ငန်း များဖြစ်ကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးပြောကြားစေလိုကြောင်ဖြင့်ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဝါနှင့်ပတ်သက်သည့် စက်မှုကုန်ထုတ် လုပ်ငန်းများဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံများနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နို့စားနွားမွေးမြူမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် စိုက်ပျိုးထုတ်လုပ်မှု စရိတ်ချေးငွေများကို သီးနှံအမျိုးအစားအလိုက် သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ပေးထား လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေများကို ခေါင်းစဉ်အလိုက်ထုတ်ပေးထားလျက်ရှိမှုတို့ကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင်-
- တင်ပြချက်များအတိုင်း စိုက်ပျိုးနိုင်ရေးအတွက် အရင်းအနှီးနှင့်စုပေါင်းပြီးဆောင်ရွက်သည့် စနစ်များလိုအပ်ကြောင်း၊ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ် ကြောင်း၊ အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတူတကွ စုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
- သမဝါယမစနစ်ဖြင့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများမှထွက်ရှိလာသည့် ဆီများကို ဒေသတွင်း အပြင် အခြားပြင်ပ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့လည်း ရောင်းချပေးနိုင်ရန်လိုကြောင်း။
- မွေးမြူရေးနှင့်ပတ်သက်၍ ဒေသန္တရမွေးမြူရေးကို စနစ်တကျဖြင့် မွေးမြူနိုင်အောင် ဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါမွေးမြူရေးလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း။
- ထွက်ရှိလာသည့် ကုန်ကြမ်းများ အရည်အသွေးကောင်းမွန်စေရေးအတွက်လည်း စုပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ငွေကုန်ကြေးကျအနည်းဆုံးနှင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင်-
- နေကြာသီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အမျိုးသားရေးရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ် ၍ ဆောင်ရွက်သွားရန်လိုကြောင်း။
- နို့ထွက်ပစ္စည်းလိုအပ်ချက်နှင့်ပတ်သက်၍ ပြည်တွင်းမှ ထွက်ရှိသည့်နို့များကို အဆင့်မြင့်နို့ထွက် ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ နို့ထွက်ပစ္စည်းများတင်သွင်းနေရမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း။
- လိုအပ်သည့်ကုန်ကြမ်းများရရှိ အောင်ဆောင်ရွက်ရာတွင်လည်း ဒေသန္တရရှိပြီးဖြစ်သည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်ငန်းများ တိုးမြင့် အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း၌စားရေရိက္ခာများပေါများ လာမည်ဖြစ်ကြောင်း။
- နိုင်ငံအတွက်အဓိကလိုအပ်သည့် စားသုံးဆီနှင့်ဝါ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးတက် အောင် ဆောင်ရွက်သွားမည်ဆိုပါက အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာမည်ဖြစ်ကြောင်း။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိအောင် ဆောင်ရွက်ခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း၊ မွေးမြူခြင်းများကို ဆောင်ရွက်သွားကြစေလို ကြောင်း၊
- ယနေ့တွင်ဆွေးနွေးခဲ့သည့် ကဏ္ဍအလိုက်ဖော်ထုတ်ချက်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၈-၂၀၂၄)
- ဝါစိုက်ပျိုးမှုသည် နိုင်ငံအတွက်ဝတ်ရေးကို များစွာအထောက်အကူပြုစေ၊ ဝါဂွမ်းမှ ချည်နှင့် ချည်ပိတ်များထုတ်လုပ်၍ ရောင်းချနိုင်မည်ဆိုပါက ဝင်ငွေများပိုမိုရရှိနိုင်မည်ဖြစ်။
- စပါးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက် ဆောင်ရွက်သွားရန်လို၊ နွေစပါးတိုးချဲ့စိုက်ပျိုးခြင်း၊ စပါးပြီး စပါးစိုက် ပျိုးခြင်း၊ စပါးပြီး အခြားသီးနှံစိုက်ပျိုးခြင်း၊ နွေစပါး ပြန်လည်စိုက်ပျိုးခြင်းများကို ဆောင်ရွက်ပြီး သီးထပ်စိုက်ပျိုးမှုများတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်၊ သီးထပ်စွမ်းအားများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်။
- စိုက်ပျိုးနိုင်ရေးအတွက် အရင်းအနှီးနှင့်စုပေါင်းပြီးဆောင်ရွက်သည့် စနစ်များလို၊ သမဝါယမ စနစ်ဖြင့် ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်၊ အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီကာ ဆောင်ရွက်ခြင်းဖြစ်၊ အတူတကွ စုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်။
- နေကြာသီးနှံ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အမျိုးသားရေးရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ် ၍ ဆောင်ရွက်သွားရန်လို။
- နို့ထွက်ပစ္စည်းလိုအပ်ချက်နှင့်ပတ်သက်၍ ပြည်တွင်းမှ ထွက်ရှိသည့်နို့များကို အဆင့်မြင့်နို့ထွက် ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ နို့ထွက်ပစ္စည်းများတင်သွင်းနေရမှုကို များစွာလျှော့ချနိုင်မည်ဖြစ်။
Add new comment