နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ပေးပို့လှူဒါန်းလျက်ရှိပါသည်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ လာရောက်လှူဒါန်းမှုများမှာ-
- စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ့ငါးဆယ် နှင့် ငွေကျပ်သိန်းသုံးရာတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း တစ်ရာ့နှစ်ဆယ်နှင့် ငွေကျပ်သိန်းငါးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်လေးဆယ့်ငါးသိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်း နှစ်ရာ့ငါးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းနှစ်ရာ့ငါးဆယ်နှင့် ငွေကျပ် တစ်ရာနှစ်ဆယ့်ကိုးသိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်ရှစ်ဆယ့်လေးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ့ တစ်ဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းခြောက်ဆယ်နှင့် ငွေကျပ်သိန်းလေးဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၈၅) ကျောင်းဆင်းအရာရှိ မိသားစုများက ငွေကျပ်ရှစ်ဆယ့် ငါးသိန်းတို့အားပေးအပ်ခဲ့ရာ တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
- အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်တစ်ရာသုံးဆယ့်နှစ်သိန်း နှင့် ငွေကျပ်နှစ်ရာလေးဆယ့်ခြောက်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်းနှစ်ရာတစ်ဆယ့် နှစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် သိန်းတစ်ရာနှစ်ဆယ့်ကိုးသိန်းကျော်နှင့် ငွေကျပ်သိန်းနှစ်ရာလေးဆယ့်တစ်သိန်းကျော် တန်းဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း သုံးရာတစ်ဆယ့်တစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း။
- အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်းသုံးရာ တစ်ဆယ့်နှစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများ အသီးသီးပေးအပ်ရာ တိုင်းမှူး များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါစားသောက်ဖွယ်ရာများအား တာဝန်ရှိသူများက တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၈-၂၀၂၄)
- နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဌာနဆိုင်ရာဝန်ထမ်း များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို တိုင်းစစ် ဌာနချုပ်အသီးသီးသို့ ဂုဏ်ပြုပေးအပ်လျက်ရှိရာ တာဝန်ရှိသူများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်းသိရှိရ။
Add new comment