AA အကြမ်းဖက်သောင်းကျန်းသူများက ယာယီနေရပ်စွန့်ခွာနေသော ဘင်္ဂါလီလူမျိုးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်

             

AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအား ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၅ ရက်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ (အမှတ်-၂) ဖော်ယာဇီရွာ အနောက်ဘက်ကန်စည်းရိုးနားရှိ ပုစွန်ကန်ပေါင်တွင် ၎င်းအဖွဲ့၏တိုက် ခိုက်မှုကြောင့် ယာယီနေရပ်စွန့်ခွာပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန်လုပ်ဆောင်နေကြသည့် ဘင်္ဂါလီ လူမျိုးများ၊ ကလေးငယ်များအပါအဝင် လူအစုလိုက်အပြုံလိုက်ကို လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည့်အပြင် ဘင်္ဂါလီအမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ် ခဲ့ကြောင်း သိရှိရပါသည်။

AA အကြမ်းဖက်သောင်းကျန်းသူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာမှ သိရှိသွားမည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန်လုပ်ဆောင်နေကြသည့် ဘင်္ဂါလီလူမျိုး များကို ယခုကဲ့သို့ လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ထိုသို့ သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၈-၂၀၂၄)

  • မောင်တောမြို့ရှိ ပုစွန်ကန်ပေါင်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ တိုက်ခိုက်မှုကြောင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန်လုပ်ဆောင်နေကြသည့် ဘင်္ဂါလီလူမျိုးများ၊ ကလေးငယ်များ အပါအဝင် လူအစုလိုက်အပြုံလိုက်ကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည့်အပြင် ဘင်္ဂါလီအမျိုး သမီးငယ်များကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ လျက်ရှိ။

 

Add new comment