တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာ စေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာဖြစ်သည့် DVB TV News မှတင်ထားသော ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ နေထိုင်သည့်နေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အဖွဲ့ ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်ပြီး ၎င်းသတင်းနှင့်ပတ်သက်၍ တပ်မတော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ယာယီနေရပ်စွန့်ခွာပြည်သူများအား စနစ်တကျ ကူညီစောင့်ရှောက်မှုများ၊ ထောက်ပံ့ မှုများအပါအဝင် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်ပေးမှုများသာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် People’s Spring မှတင်ထားသော ကျိုက်ထိုမြို့နယ်၌ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများသာ ဆောင် ရွက်လျက်ရှိပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Narinjara မှတင်ထားသော မောင်တောမြို့ပေါ်ရှိ မွတ်ဆလင် လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူခြင်းကြောင့် ရာနဲ့ချီသည့် မွတ်ဆလင် လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှား ဖြစ်ပြီး AA အကြမ်းဖက်သမားများက စစ်ရေးနှင့်မသက်ဆိုင်သည့် မြို့၊ ရွာများကို ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူများက AA အကြမ်းဖက်လုပ်ရပ်များအား လက်မခံကြောင်း ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် AA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ဒေသခံများ အထင်အမြင်လွဲမှားစေရန် သတင်းမှားများ ရေးသားပြီး ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Ayeyarwaddy Times မှတင်ထားသော ကြံခင်းမြို့တွင် တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် ရေဘေးသင့်ဒေသခံပြည်သူများထံမှ စစ်မှုထမ်းထောက်ပံ့ရန် ငွေကောက်ခံနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါ မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ သွားရောက်၍ ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး စားသောက် ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese မှတင်ထားသော အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသူများ ရိုက်နှက်ခံရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ သတ်မှတ်ထားသည့် ညအိပ်ချိန်တွင် အကျဉ်းသူ ၄ ဦးမှာ အိပ်စက်ခြင်းမရှိဘဲ စကားပြော နေသောကြောင့် တာဝန်ကျဝန်ထမ်းများမှ အိပ်စက်ရန် အကြိမ်ကြိမ်သွားရောက်ပြောဆိုမှ သာလျှင် အိပ်စက်ခဲ့ကြောင်း၊ ၎င်းတို့ ၄ ဦးအနက် ၂ ဦးမှာ ဝန်ထမ်းများအား မချေမငံပြောဆို ဆက်ဆံခဲ့သောကြောင့် ၎င်းတို့ ၂ ဦးအား အိပ်ဆောင်ခွဲ၍ ထိန်းသိမ်းခဲ့ခြင်းသာရှိကြောင်းနှင့် အကျဉ်းသူများအား ဝိုင်းဝန်းရိုက်နှက်ခြင်း လုံးဝမရှိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Ayeyarwaddy Times မှတင်ထားသော ငပလီမြို့၊ ဂျိတ္တော ရပ်ကွက်အတွင်းသို့ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိ ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှတင်ထားသော စဉ့်ကူးမြို့နယ်၊ ကံတောင် ရွာနှင့် နွယ်ရုံရွာကို တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သောကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ဟူသည့်သတင်းနှင့် ပတ်သက်၍ စဉ့်ကူးမြို့နယ်အတွင်း တပ်မတော်လေယာဉ်ပျံသန်းခဲ့မှုမရှိကြောင်းနှင့် နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အကြမ်းဖက်သမားများက လက်နက်ကြီးများ၊ Drop Bomb များဖြင့် မကြာခဏတိုက်ခိုက်လျက်ရှိပြီး ၎င်းတို့၏ လက်နက် ကြီးကျည်များသည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံများ ထိခိုက် သေဆုံးခဲ့ခြင်းများသာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် People’s Spring မှတင်ထားသော ရေစကြိုမြို့နယ်၊ အလယ် ကျောကျေးရွာနှင့် ကိုရင့်ကျေးရွာတို့ကို တပ်မတော်က  လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာများရရှိခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမား များက လက်နက်ကြီး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ လက်နက်ကြီးကျည် များသည် ဒေသခံပြည်သူများ၏ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသ ခံများ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် People’s Spring မှတင်ထားသော ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်-မြိတ်လမ်းမကြီးပေါ်ရှိ မောင်မယ်ရှောင်ရွာအား တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့ဟူ  သည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါကျေးရွာတစ်ဝိုက်တွင် အကြမ်းဖက် သမားများ ခိုအောင်းလှုပ်ရှားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေး ရှာဖွေခြင်းများသာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ် ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုးမျိုးသော မဟုတ်မမှန်ကောလာဟလသတင်း အမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၈-၂၀၂၄)

  • ကျိုက်ထိုမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ် သား ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • မောင်တောမြို့ပေါ်ရှိ မွတ်ဆလင်လူငယ်များကို စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူခြင်းကြောင့် ရာနဲ့ချီသည့် မွတ်ဆလင်လူငယ်များ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • စဉ့်ကူးမြို့နယ်ရှိ ကံတောင်ရွာနှင့် နွယ်ရုံရွာကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သောကြောင့် ကလေးငယ် ဦးအပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ဟူသည့်သတင်းနှင့် ပတ်သက်၍ ၎င်းမြို့နယ်အတွင်း တပ်မတော်လေယာဉ်ပျံသန်းခဲ့မှုမရှိကြောင်း သိရှိရ။
  • ထားဝယ်မြို့နယ်ရှိ မောင်မယ်ရှောင်ရွာအား တပ်မတော်က မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါကျေးရွာတစ်ဝိုက်တွင် အကြမ်းဖက်သမားများ ခိုအောင်း လှုပ်ရှားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရှာဖွေခြင်းများသာ ဆောင် ရွက်ခဲ့ကြောင်း သိရှိရ။

 

 

Add new comment