ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံအား ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်၍ အချို့လူနာများအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လူမဆန်သော ရက်စက် ယုတ်မာသည့်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချပွဲများကို ဩဂုတ်လ ၆ ရက်တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ မြို့တော်ခန်းမရှေ့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ် မြို့တော်ခန်းမရှေ့ရှိ ဗန္ဓုလကျောက်တိုင်ကားရပ်နားကွင်း၌လည်းကောင်း အသီးသီးကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါကန့်ကွက်ရှုတ်ချပွဲများသို့ တက်ရောက်လာသည့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသူ များကိုယ်စား တာဝန်ရှိသူများက အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လူမဆန်သောလုပ်ရပ်များအား ကန့်ကွက်ရှုတ်ချမှုနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီးနောက် နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ အကြမ်းဖက် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ပူးပေါင်းအဖွဲ့အစည်းများ အလိုမရှိ၊ အပြစ်မဲ့ပြည်သူ များအားသတ်ဖြတ်ခြင်း ချက်ချင်းရပ်၊ စစ်ရေးပစ်မှတ်မဟုတ်သော အများပြည်သူနေရာများအား ပစ်ခတ်ခြင်း ချက်ချင်းရပ်၊ MNDAA ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများ ချက်ချင်းရပ်၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုဖောက်ဖျက်နေသည့် အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြ၊ လူ့အခွင့်အရေးများအား ချိုးဖောက်နေသော အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြ၊ မြန်မာ့တပ်မတော်၏ တရားသောစစ် အောင်ရမည်စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဇာတိမာန်သီချင်း သံပြိုင်သီဆိုခြင်းများဆောင် ရွက်ခဲ့ကြပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၈-၂၀၂၄)
- MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ များအား အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်ခဲ့မှုအပေါ် ကန့်ကွက်ရှုတ်ချပွဲများကို ဇမ္ဗူသီရီနှင့် ကျောက်တံတားမြို့နယ်တို့တွင် ပြုလုပ်ခဲ့။
- အဆိုပါကန့်ကွက်ရှုတ်ချပွဲများကို တက်ရောက်လာကြသူများက နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ အကြမ်းဖက် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ပူးပေါင်း အဖွဲ့အစည်းများ အလိုမရှိ၊ အပြစ်မဲ့ပြည်သူ များအားသတ်ဖြတ်ခြင်း ချက်ချင်းရပ်၊ စစ်ရေး ပစ်မှတ်မဟုတ်သော အများပြည်သူနေရာများအား ပစ်ခတ်ခြင်း ချက်ချင်းရပ်၊ MNDAA ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများ ချက်ချင်းရပ်” ဟူသော ကြေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့။
Add new comment