လူ့ဘောင်သစ်ပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ ပါတီဆက်လက်တည်ထောင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း ထုတ်ပြန်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီအနေဖြင့် ဇွန်လ ၂၀ ရက်အထိ ၁၇ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၇ ပါတီ ရှိပြီ ဖြစ်ပါသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင် ပေးပါရန် လူ့ဘောင်သစ်ပါတီ(NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party) တို့၏ လျှောက်ထားချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန် ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိကြောင်းတွေ့ရှိရပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စုံညီအစည်းအဝေး အမှတ် စဉ်(၁၆/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၅ ရက်တွင် နိုင်ငံရေးမှတ်ပုံတင်ခြင်းနည်းဥပဒေ များပါ ပုံစံ(ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်လျှောက် ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ဩဂုတ်လ ၅ ရက်အထိမှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅၀ ပါတီဖြစ်ပြီး ယင်း ၅၀ ပါတီအနက် မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်ပါတီ ၂ ပါတီရှိသဖြင့် လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၄၈ ပါတီ၊ အသစ်လျှောက်ထားသည့်ပါတီ ၁၇ ခုတွင် မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၄ ပါတီရှိပြီး၊ တည် ထောင်ခွင့် စိစစ်ဆဲ ၂ ပါတီ၊ မှတ်ပုံတင်ခွင့် ငြင်းပယ် ၈ ပါတီ၊ တည်ထောင်ခွင့် ငြင်းပယ် ၃ ပါတီတို့ ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၈-၂၀၂၄)

  • နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် လူ့ဘောင်သစ်ပါတီ(NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(Zomi Congress for Democracy Party) တို့၏ ပါတီဆက်လက်တည်ထောင်ခွင့် လျှောက်ထားချက်အပေါ် ငြင်းပယ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၅ ရက်တွင် ထုတ်ပြန်။
  • ယခင်ရှိပြီး ပါတီ ၉၀ အနက် ပြန်လည်လျှောက်ထား ၅၀ ပါတီမှ ပယ်ဖျက် ၂ ပါတီရှိသဖြင့် လက် ရှိတည်ဆဲ ၄၈ ပါတီရှိပြီး အသစ်လျှောက်ထားဆဲပါတီ ၁၇ ပါတီအနက် စိစစ်ဆဲ ၆ ပါတီ၊ ငြင်း ပယ် ၁၁ ပါတီရှိပြီဖြစ်။

Add new comment