MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ အတွင်း တိုက်ပွဲများဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံအား ရှော့ တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင်တက် ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် စစ်ရေးနှင့်မသက်ဆိုင်သည့် လားရှိုးမြို့အတွင်းရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ နှင့် Drone များ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ကျန်ရှိ သည့်ဒေသခံပြည်သူများမှာလည်း ယာယီနေရပ်စွန့်ခွာနေရကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု (War Crime) မြောက် သည့် လူမဆန်စွာရက်စက်ယုတ်မာ ရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်း နှင့် ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချကြောင်းကို ဩဂုတ်လ ၄ ရက်တွင် လူမှုရေးနှင့် ဘာသာရေးအဖွဲ့ အစည်း (၂၅) ဖွဲ့က သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ပြီး ဩဂုတ်လ ၅ ရက်တွင် အသင်းအဖွဲ့ များဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ စသည့် အသင်းအဖွဲ့ စုစု ပေါင်း (၁၁) ဖွဲ့က လည်းကောင်း၊ ဩဂုတ်လ ၆ ရက်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ကရင်ပြည်နယ်)၊ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း စသည့် အသင်းအဖွဲ့ (၄) ဖွဲ့တို့က သဘောထားများအသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၈-၂၀၂၄)
- MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့မှုနှင့်ပတ်သက်၍ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များ လုံးဝလက်မခံကြောင်းနှင့် ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ်လ ၆ ရက်အထိ လူမှုရေးနှင့်ဘာသာရေးအဖွဲ့အစည်းများအပါအဝင် အသင်းအဖွဲ့ပေါင်း (၄၀) ဖွဲ့က သဘော ထားများ အသီးသီးထုတ်ပြန်ခဲ့။
Add new comment