လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ဩဂုတ်လ ၅ ရက်တွင် ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများကို တွေ့ဆုံအားပေး၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း ယာယီပြောင်းရွှေ့နေထိုင်သော သဘာဝ ဘေးဒဏ်သင့်ပြည်သူများအား ကျန်းမာရေးအထူးဂရုစိုက်ရန်နှင့် ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု ၂,၉၂၂ စု၊ လူဦးရေ ၁၅,၃၂၂ ဦး၊ ဆန်ရိက္ခာဖိုး ငွေကျပ် ၁၃၇,၈၉၈,၀၀၀ ၊ ငါးသေတ္တာ ၃,၇၆၉ ဘူးအားလည်းကောင်း၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ဘူးများကိုလည်းကောင်း၊ နိုင်ငံတော်အကြီးအကဲ၏ အစီအမံဖြင့် ထောက်ပံ့သည့် ငွေကျပ် ၉၅,၇၄၅,၀၀၀ တန်ဖိုးရှိ ရှပ်အင်္ကျီများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စခန်းရှိကလေးငယ်များအား အာဟာရဖြည့်စွက် စားစရာမုန့်များကို ဝေငှ ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၈-၂၀၂၄)
- ကရင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တွေ့ဆုံအားပေး၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့။
Add new comment