ဖျာပုံမြို့နယ်တွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)၂ ဒသမ ၃ တန်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ

နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း များအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ-

  • ဇူလိုင်လ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ ခါးပြတ်ချောင်းအတွင်း မောင်းနှင်လာသည့် ကုန်တင်စက်လှေအား သတင်းရရှိသဖြင့် စစ်ဆေးခဲ့ရာ ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန်နှင့် ဆိတ်ဖေတို့ ၅ ဦးအား ကာလဒေသတန်ဖိုးငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့။
  • စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူများဖြစ်သည့် ထွန်းအောင်၊ သန်းဌေး(ခ) အရှည်ကြီး၊ စက်လှေပိုင်ရှင် လှမောင်ကြီးနှင့် ပဲ့နင်း သားကြီး(ခ)ဇော်သိန်းလှိုင်၊ မင်းမျိုးထွန်း(ခ)ကိုမျိုး၊ အောင်ဆင့်ထွန်း(ခ)ကိုဆင့်(ခ)ကိုစိုင်းနှင့် ထိန်လင်းအောင်(ခ) ရောဘတ်(ခ)ခွန်ရဲလင်းဦးတို့ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဖမ်းမိစက်လှေပိုင်ရှင် လှမောင်ကြီး ၏နေအိမ်မှ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည့်အပြင် PRADO မော်တော်ယာဉ် ၁ စီး၊ TOYOTA LANDCRUISER မော် တော်ယာဉ် ၁ စီး၊ HILUX SURF မော်တော်ယာဉ် ၂ စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်း ဝယ်ရာမှရရှိသည့် ငွေကျပ်သိန်း ၁၉၀ တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါး များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မလေးရှားနိုင်ငံသို့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရ။

ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေး ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၈-၂၀၂၄)

  • ဖျာပုံမြို့နယ်တွင် မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၆၉ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ဒသမ တန်နှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် ၁၂ ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မလေးရှားနိုင်ငံသို့ သယ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရ။

 

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 123631286266eabdfd2d2e74.75532123 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).