၂၀၂၄ ခုနှစ်၊ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်း ဖက်သောင်းကျန်းသူများသည် မြို့နယ်၊ ကျေးရွာတို့ရှိ ပြည်သူများအား ဆက်ကြေးကောက်ခံခြင်း၊ အစားအသောက်များ အတင်းအဓမ္မပို့ဆောင်ခိုင်းခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်း ကြောင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာနေရာများမြို့များသို့ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင် များ၏ အကူအညီဖြင့် နေရပ်စွန့်ခွာလာခဲ့ကြပါသည်။
- ဇူလိုင်လ ၃၁ ရက်တွင် လွိုင်ကော်မြို့ရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု ၂၃၀ စု၊ ပြည်သူ ၇၃၀ ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက အိမ်ထောင်စု စာရင်းများ ကောက်ယူပြုစုခြင်း၊ အချက်အလက်များ မှတ်တမ်းတင်ခြင်း၊ နယ်မြေခံတပ်ရင်း များမှ ထမင်းထုပ်များ ဝေငှခြင်းများဆောင်ရွက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာနေရာများသို့ စနစ် တကျပို့ဆောင်ပေးခဲ့ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့။
- ဩဂုတ်လ ၁ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက ရပ်စောက်မြို့ရှိ သာသနာ့ဝေပုလ္လဘုန်းကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာ လူဦးရေ ၅၀၀ ဦးအတွက် ဆန် ၆၁ အိတ်၊ ဆီ ၆၁ ပိဿာတို့ကိုလည်းကောင်း၊ ရန်အောင်ကျောင်းတိုက်နှင့် တောင်ဖီလာ ကျောင်းတိုက်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ၃၅၀ ဦးအတွက် ဆန် ၂၉ အိတ်၊ ဆီ ၃၀ ပိဿာနှင့် စားသောက်ကုန်များအားလည်းကောင်း၊ မန္တလေးကျောင်းတိုက်ရှိ ယာယီနေရပ်စ ွန့်ခွာပြည်သူ ဆန် ၃၈ အိတ်၊ ဆီ ၃၇ ပိဿာနှင့် စားသောက်ကုန်ပစ္စည်းများအား လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ယာယီနေရပ်စွန့်ခွာပြည်သူ ၁,၄၉၁ ဦးအတွက် ဆန် ၁၈၂ အိတ်၊ ဆီ ၁၈၂ ပိဿာ၊ ဆား ၃၃ ပိဿာ၊ ကုလားပဲ ၅၁ ပိဿာ၊ ငါးခြောက် ၂၇ ပိဿာတို့အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့။
- ဩဂုတ်လ ၂ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ အကြမ်းဖက်သောင်းကျန်းသူ MNDAA၊ TNLA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများပစ်ခတ်မှုကြောင့် ယမ်းစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ဒေသခံပြည်သူများ၊ သံဃာတော်များနှင့် တပ်မတော်သားများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ က သွားရောက်ကာ အထည်နှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့။
ထို့ပြင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယာယီနေရပ်စွန့်ခွာပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး နေရပ်စွန့်ခွာပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၈-၂၀၂၄)
- လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့တို့ရှိ ယာယီနေရပ်စွန့်ခွာပြည်သူ များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက စားသောက်ကုန် ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့။
- ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ၊ သံဃာတော်များနှင့် တပ်မတော်သားများကို အထည်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့။
Add new comment