ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတို့သည် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှညွှန်ကြားရေးမှူး မစ္စတာ အလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဩဂုတ်လ ၁ ရက်နှင့် ၂ ရက်တို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံ စဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဓာတ် သတ္တုတူးဖော်ရေးနှင့် နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နေပြည်တော်တွင် သဘာဝမြေသြဇာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ တည် ဆောက်ရေးစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၏ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
- သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ရုရှား-မြန်မာ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း မြေဆီလွှာအရည်အသွေး ကောင်းမွန်စေပြီး စိုက်ပျိုးရေး ဆိုင်ရာ အကျိုးအမြတ်ရရှိစေရန်အတွက် ရုရှားနည်းပညာသုံး ရွက်ဖျန်းအားဆေးရည်ထုတ် စက်ရုံတည်ဆောက်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation-MOC) လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များ၊ စက်ရုံတည်ဆောက်ရန် မြေနေရာရရှိရေးကိစ္စရပ်များ၊ ရုရှားနိုင်ငံမှ သဘာဝရွက်ဖျန်းမြေသြဇာ ဆေးရည်တင်သွင်းမည့်ကိစ္စ၊ မြေပြင်တွင် လက်တွေ့စမ်းသပ်စိုက်ပျိုးသွားမည့်ကိစ္စ၊ တောင်သူ အသိပညာပေးရေးကိစ္စရပ်များနှင့် အခြားလိုအပ်သည်များရှိပါကလည်း ပံ့ပိုးကူညီမည့်ကိစ္စရပ် များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၈-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဓာတ်သတ္တု တူးဖော်ရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နေပြည်တော်တွင် သဘာဝမြေသြဇာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ တည် ဆောက်ရေးစီမံကိန်းနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ၏ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တောင်သူအသိ ပညာပေးရေးကိစ္စရပ်များနှင့် အခြားလိုအပ်သည်များရှိပါကလည်း ပံ့ပိုးကူညီမည့်ကိစ္စရပ်များ ကို ဆွေးနွေးခဲ့။
Add new comment