ရှမ်းပြည်နယ်(မြောက်) ပိုင်းတွင်ဖြစ်ပေါ်နေသော အခြေအနများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

          MNDAA အကြမ်းဖက်ပူးပေါင်းအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှုနှင့်ရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောတူ ညီချက်ကို ချိုးဖောက်ပြီး ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ စတင်တိုက် ခိုက်ကတည်းက စစ်ရေးနဲ့မဆိုင်တဲ့သာမန်အရပ်သားပြည်သူတွေ နေတဲ့နေရာတွေကိုပါ ရှော့တိုက် ဒုံးတွေ ဒရော့ဗုံးများ ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ယခုလိုတိုက်ခိုက်မှုတွေကြောင့် သာမန် အရပ်သားပြည်သူများ ရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။  ဒီလိုတိုက်ခိုက်ရာမှာ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးများသုံးစွဲပြီး တိုက်ခိုက်ခဲ့တာကိုလည်း‌တွေ့ရပါတယ်။ ဩဂုတ်လ ၂ ရက်နေ့မှာတော့ တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချို့လူနာများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ အချို့ကိုတော့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များအနေနဲ့ ရန်သူကိုအစွမ်းကုန်ခုခံခဲ့ပါတယ်။ ရန်သူကို ရွပ်ရွပ်ချွံချွံ အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်တွေမှာ မိသားစုဝင်အမျိုးသမီးများ၊ ကလေးငယ်များ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ အချို့သောရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်းတိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ၊ မှီခိုသူမိစုဝင်များလည်း သေဆုံး ခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများဟာ တိုက်ပွဲကိုအနီးကပ်ကွပ်ကဲပြီး ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနဲ့ ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှုရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ် တောက်ခဲ့ပါတယ်။ အတည်ပြုဆဲသတင်းများအရ အရာရှိကြီးအချို့ကို အကြမ်းဖက်သောင်းကျန်းသူ များက ဖမ်းဆီးထားကြောင်း သိရှိရပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေ အားလုံးရဲ့ တိုင်းစစ်ဌာနချုပ် လားရှိုးနယ်မြေ၊ တပ်မတော်နဲ့ အမိမြန်မာနိုင်ငံတော်ကို တတ်စွမ်း သမျှ ရွပ်ရွပ်ချွံချွံကာကွယ်ခဲ့တာကို အသိအမှတ်ပြုလေးစားပါတယ်။ နိုင်ငံတော်အစိုးရ တပ်မတော် အနေနဲ့ ရဲဘော်တို့အပေါ် ရဲဘော်စိတ်အပြည့်နဲ့ နိုင်ငံတော်နဲ့ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်တာ တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။

                                        သတင်းရင်းမြစ်။ (မြန်မာ့အသံရုပ်မြင်သံကြား ၅-၈-၂၀၂၄)

  • MNDAA အကြမ်းဖက်ပူးပေါင်းအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှုနှင့်ရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောတူ ညီချက်ကို ချိုးဖောက်ပြီး ဇူလိုင်လ ရက်နေ့မှာ လားရှိုးရှိ စစ်ရေးနဲ့မဆိုင်တဲ့ သာမန်အရပ်သား ပြည်သူတွေ နေတဲ့နေရာများအား ရှော့တိုက်ဒုံး၊ ဒရော့ဗုံးများ ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့။
  • ဩဂုတ်လ ၂ ရက်တွင် တိုင်းစစ်ဌာနချုပ်အနီးက တပ်မတော်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီး လူနာတစ်ချို့ကို ရက်စက်စွာသတ်ဖြတ်၍ တစ်ချိုု့အားဖမ်းဆီးခေါ်ဆောင်သွားခဲ့။
  • တိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များ၌ မိသားစုဝင်အမျိုးသမီးများ၊ ကလေးငယ် များ၊ အရပ်သားများရှိနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ် သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရ။
  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေအားလုံး၏ တိုင်းစစ်ဌာနချုပ် လားရှိုး နယ်မြေ၊ တပ်မတော်နှင့် အမိမြန်မာနိုင်ငံတော်ကို တတ်စွမ်းသမျှ ရွပ်ရွပ်ချွံချွံကာကွယ်ခဲ့သည်ကို အသိအမှတ်ပြု လေးစားပါကြောင်း။
  • နိုင်ငံတော်အစိုးရ တပ်မတော်အနေဖြင့် ရဲဘော်တို့အပေါ် ရဲဘော်စိတ်အပြည့်နှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။

Add new comment