အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် MNDAA ၊ AA ၊ TNLA နှင့် ၎င်းတို့နှင့်ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့အစည်းများသည် (၂-၈-၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရှိ အမှတ်(၉)ဆေးရုံ ခုတင်(၁၀၀) အား လက်နက်ကြီး/ရှော့တိုက်ဒုံး/ Drone/လက်နက်ငယ်မျိုးစုံတို့ ဖြင့် ဆင်ခြင်မဲ့ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး စစ်ရေးပစ်မှတ် မဟုတ်သော ဆရာဝန်/သူနာပြုအပါအဝင် ဝန်ထမ်းများ၊ အရပ်သူ/အရပ်သားလူနာများ၊ ကလေးသူငယ်များ၊ ရင်ခွင် ပိုက်ကလေးများ အပါအဝင် အပြစ်မဲ့ပြည်သူများစွာအား ရက်စက်စွာ အနီးကပ်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် လူနာအချို့အား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။
ဤဖြစ်ရပ်သည် လူသားမဆန်သည့် ဆိုးဝါးသော အကြမ်းဖက်မှုဖြစ်ပြီး အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေကိုလည်းကောင်း၊ ပြည်တွင်းရှိ တည်ဆဲဥပဒေများကို လည်းကောင်း၊ နိုင်ငံတကာ လူ့ အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကိုလည်းကောင်း ရည်ရွယ်ချက်ရှိရှိ ချိုး ဖောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုအကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်နွှယ်နေသော အဖွဲ့ အစည်းများအား အကြမ်းဖက်သောင်းကျန်းသူများအဖြစ်သတ်မှတ်၍ ပြည်တွင်းဥပဒေများအရ အရေး ယူဆောင်ရွက်ပေးပါရန်နှင့် ပြည်တွင်း၌သာမက နိုင်ငံတကာမှလည်း အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ် သတ်မှတ်၍ အရေးယူပိတ်ဆို့ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားသင့်ပါ ကြောင်း သုံးသပ်ရရှိပါသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်သောင်းကြမ်းသူများ ဖြစ်သည့် MNDAA ၊ AA ၊ TNLAနှင့် ၎င်းတို့နှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာ အကြမ်းဖက်ရက်စက် ယုတ်မာသည့် လုပ်ရပ်များကို မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် သန်းပေါင်းများစွာသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ များကို ကိုယ်စားပြု၍ လုံးဝ(လုံးဝ)လက်မခံ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီက လက်မှတ်ရေးထိုး၍ ပူးတွဲသဘောထားထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၈-၂၀၂၄)
- MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့မှုသည် လူသားမဆန်သည့် ဆိုးဝါးသော အကြမ်းဖက်မှုဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေကိုလည်းကောင်း၊ ပြည်တွင်းရှိ တည်ဆဲဥပဒေများကိုလည်းကောင်း၊ နိုင်ငံတကာ လူ့ အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကိုလည်းကောင်း ရည်ရွယ် ချက်ရှိရှိ ချိုးဖောက်ခဲ့ကြခြင်းဖြစ်။
- အကြမ်းဖက်သောင်းကြမ်းသူများ ဖြစ်သည့် MNDAA ၊ AA ၊ TNLAနှင့် ၎င်းတို့နှင့်ဆက်နွှယ် သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာ အကြမ်းဖက်ရက် စက်ယုတ်မာသည့် လုပ်ရပ်များကို မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် သန်းပေါင်းများစွာသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများကို ကိုယ်စားပြု၍ လုံးဝ(လုံးဝ)လက်မခံ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း နိုင်ငံရေးပါတီ (၂၅) ပါတီမှ လက်မှတ်ရေးထိုး၍ ပူးတွဲသဘောထား ထုတ်ပြန်ခဲ့။
Add new comment