ရှေ့တန်းရောက်တပ်မတော်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဋ္ဌာနဆိုင်ရာဝန်ထမ်းများက အလှူငွေများ၊ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုစာလွှာများ ပေးပို့လျက်ရှိ

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာ များကို ပေးပို့လှူဒါန်းလျက်ရှိပါသည်။

  • ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာ အပြည့်ဖြင့် စုပေါင်းချက်ပြုတ်ကြော်လှော်၍ စားသောက်ဖွယ်ရာများ ပေးပို့ လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေး၊ နယ်မြေ ကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် “တပ်မတော်သားများရဲ့အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှအန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာ နိုင်ပါစေ  ဟူသော ဆုတောင်းမေတ္တာစာလွှာများကို ပေးပို့ခဲ့။
  • စက်မှုဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက စေတနာနှင့်မွန်မြတ်သည့် စိတ်ထားများအရင်းခံ၍ ငါးပိကြော်၊ ငံပြာရည်ကြော်၊ ဗာလချောင်ကြော်၊ အသင့်စားခေါက်ဆွဲခြောက်များ၊ ငါးသေတ္တာဘူးများ၊ ဘီစကွတ်များ၊ ငါးပိ ထောင်းဘူးများ၊ ကော်ဖီမစ်ထုပ်များ၊ ဓာတ်ဆားထုပ်များ၊ ဆေးဝါးများ ထုပ်ပိုးခြင်းလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်၍ နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ သွားရောက်လှူဒါန်းခဲ့ပြီး “ရှေ့တန်းရောက် တပ်မတော်သား များ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာရရှိမည်ဟု ယုံကြည်ကြောင်း” အားပေး သတင်းအမှာစကားများကို ပေးပို့ခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက အားဖြည့်ဗီတာမင်ဆေးဝါး များ၊ အာဟာရဖြည့်ဓာတ်ဆားထုပ်များ၊ အကိုက်အခဲပျောက်ဆေးများ၊ တိုင်း ရင်းဆေးဝါး(လိမ်းဆေး၊ သောက်ဆေးများ)၊ ငါးခြောက်ကြော်၊ ပုံးရည်ကြီး၊ လက်ဖက်နှပ်၊ ဘီစကွတ်များ၊ ခေါက်ဆွဲခြောက်များကို ထောက်ပံ့လှူဒါန်း နိုင်ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး “တရားသောစစ်အောင်မြင်ပါစေ ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်စောင့်ရှောက် ပေးသည့်အတွက် အထူးပင်လေးစားတန်ဖိုးထားပါကြောင်း” ဆုတောင်း မေတ္တာပို့သစာများကိုလည်း ထည့်သွင်းပေးပို့ခဲ့။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာ အပြည့်ဖြင့် စားသောက်ဖွယ်ရာများကို ပေးပို့နိုင်ရေး စုပေါင်းပြင်ဆင်ထုပ်ပိုး ဆောင်ရွက်ပြီး “နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် ရဲရင့်စွာ ဖြင့် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် စိတ်ဓာတ်ခွန်အား၊ နိုးကြားတက်ကြွစေရန် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊ တရား သောစစ်အောင်မြင်ပါစေ” အစရှိသည့် ဆုတောင်းမေတ္တာစာလွှာများကိုလည်း ထည့်သွင်းပေးပို့ခဲ့။

အဆိုပါစားသောက်ဖွယ်ရာများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၈-၂၀၂၄)

  • နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မ တော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူ များနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စား သောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိ။

Add new comment