တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာနှစ်ဦးဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသ ဆောင်ရွက်နိုင်ခဲ့သည်။ အသည်းအစားထိုးခွဲစိတ်ကုသမှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှုသုံးကြိမ်၊ လူနာ ၉ ဦးနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် မေလတို့တွင် လူနာ ၆ ဦးတို့အား အောင်မြင်စွာ ထပ်မံခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ယခုအခါ သတ္တမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှအသည်းအစားထိုးခွဲစိတ်ကုသမှု အဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အသည်း အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် ပထမနေ့နှင့် ဒုတိယနေ့တို့၌ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်းနှင့် အသည်းအစားထိုးခွဲစိတ် ကုသမှုကို တပ်မတော်မှတာဝန်ရှိသူ အရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၈-၂၀၂၄)
- သတ္တမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်၍ ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်တို့တွင် မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့။
- ပထမနေ့နှင့် ဒုတိယနေ့တို့၌ အစားထိုးခွဲစိတ်ကုသခြင်းအား စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီ ခန့်ကြာမြင့်ခဲ့ပြီး အသည်း အစားထိုးခွဲစိတ်ကုသနိုင်ခဲ့။
Add new comment