တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ‌ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်သည့် နေရာများသို့  သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ-

  • ဩဂုတ်လ ၁ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဧရာဝတီ တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည့် ရေဘေးသင့်အိမ်ထောင်စု များအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်ပြောင်းရွှေ့ရောက်ရှိလာသည့်  အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့။
  • ဩဂုတ်လ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ‌တိုက်ကြီးမြို့ရှိ ရေဘေးသင့် ကျေးရွာ ပေါင်း၂၉ ရွာတို့မှ အိမ်ထောင်စု ၂,၄၇၈ စု လူဦး‌ရေ ၉,၃၉၂ ဦး တို့အတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ ကျန်းမာရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့။
  • ဩဂုတ်လ ၄ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သာပေါင်မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၇၆ ခုမှ ရေဘေးသင့်ပြည်သူ ၂,၇၃၈ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၇၄,၁၈၁,၆၀၀ ကိုလည်းကောင်း၊  မြို့ပေါ်ရေဘေးရှောင် စခန်းများမှ ရေဘေးသင့်ပြည်သူ ၂၅၄ ဦးအတွက် ကြက်ဥ ၄,၄၁၆ လုံး၊ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ရေသန့်တို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများကို နိုင်ငံတော်အကြီးအကဲ၏အစီအမံဖြင့် ထောက်ပံ့သည့် ငွေကျပ် ၁၅,၂၂၀,၀၀၀ တန်ဖိုးရှိ Smart ကျား/မရှပ် အင်္ကျီအထည် ၁,၀၀၀ ကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့။

တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများက နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့်ပူးပေါင်း၍ ‌ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ရပ်ကွက်များမှ ပြည်သူများအား ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်မှုလျော့ပါး စေရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၈-၂၀၂၄)

  • ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေး သင့်ပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးကင်းလွတ်ရာသို့ ကူညီ ရွှေ့ပြောင်းပေးပြီး   စားသောက်ဖွယ်ရာများနှင့်  ထောက်ပံ့ငွေများပေးအပ်ခဲ့။

 

Add new comment