နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဩဂုတ်လ ၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်) စက်ရုံအစည်းအဝေးခန်းမတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင်တို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့၌ လာရောက်စစ်ဆေးစဉ် လမ်းညွှန် မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ DEMU ရထားတွဲများ တည်ဆောက်ရန် လိုအပ်သည့်ဘိုဂီများရရှိရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- မီးရထားလမ်းများနှင့် မီးရထားစက်ခေါင်းတွဲများ၊ လူစီးတွဲများကြံ့ခိုင်ကောင်းမွန်ရေးအတွက် အမြဲမပြတ် စစ်ဆေးပြုပြင်ဆောင်ရွက်နေရန်လိုကြောင်း။
- သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ မီးရထားတည်ဆောက်ရေးအပိုင်းနှင့် မီးရထား ဘူတာများ စနစ်တကျရှိစေရေး၊ မီးရထားလမ်းဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပနေ စေရေး၊ ရထားလမ်းမြေများကို စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် နည်းပညာများကို အမြဲမပြတ်လေ့လာနိုင်ရေး Research and Develop လုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုကြောင်း။
- ရထားများပြေးဆွဲရာတွင် ရထားအမျိုးအစားများအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းများ အတိုင်း ပြေးဆွဲနိုင်ရေး ရထားလမ်းများကြံ့ခိုင်နေစေရေးနှင့် အမြဲကောင်းမွန်နေစေရေး သတ် မှတ်ထားသည့် စံနှုန်းများအတိုင်း ဖြစ်အောင်ဆောင်ရွက်နေရန်လိုကြောင်း။
- ရထားကို အသုံးပြု၍ပို့ဆောင်မှုကြောင့် လောင်စာဆီများသုံးစွဲရမှု သက်သာခြင်းနှင့် အချိန် ကုန်ကျမှုကို လျော့နည်းစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပြီး နိုင်ငံအတွက် အဓိကကျသည့် မီးရထားလမ်းများ၌ ကုန်စည်များအမြဲမပြတ်ပြေးဆွဲနိုင်ရေး ဆောင်ရွက် နေရန်လိုကြောင်း။
- မီးရထားသည် နိုင်ငံအတွက်များစွာအကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခုဖြစ်သဖြင့် မြန်မာ့မီးရထား အား ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို စက်ရုံမှူးနှင့်တာဝန်ရှိသူများထံပေးအပ်ခဲ့။
အမျိုးသားပြတိုက်(နေပြည်တော်) Mini theater ၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့က တောင်ငူကေတုမတီမြို့ဟောင်းနှင့်ပတ်သက်သည့် သမိုင်းကြောင်းများ၊ ရှေးဟောင်း နယ်မြေများ၊ မြို့ရိုးများနှင့် အဆောက်အဦများကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တောင်ငူမြို့ရှောင်ရထားလမ်းတည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မန္တလေး နန်းမြို့ရိုး၊ ရေကျုံးနှင့်တံတားများ တည်ဆောက်ထားရှိမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြ ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- မိမိတို့၏သမိုင်းကြောင်းအရ အထင်ကရရှိခဲ့သည့် ဘုရင့်နန်းတော်များအား အဖြစ်နိုင်ဆုံး ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်ရန် တောင်ငူနန်းတော်ရာနေရာနှင့် ကေတုမတီမြို့ရိုးအား ပြန်လည်ဖော်ထုတ်နိုင်ရေးဆောင်ရွက်ရန်နှင့် ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာန အဆောက် အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း။
- ကေတုမတီမြို့ရိုးများ ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုပြီး မန္တလေးနန်းတော်ရှိ မင်္ဂလာတံတား တစ်စင်းဖြစ်သည့် စည်ရှည်တံတား ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်သည့်အချက် အလက်များနှင့် အထောက်အထားများပြည့်စုံအောင် ပြုစုဆောင်ရွက်ရန်လိုကြောင်း။
- ပြန်လည်တည်ဆောက်ရာတွင်လည်း ရှေးမူမပျက် မူလပုံစံအတိုင်း တည်ဆောက်သွားနိုင်ရန် တံတားနှင့်ဆက်စပ်လျက်ရှိသည့် လမ်းများကိုလည်း ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက် သွားရန်လိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အမျိုးသားပြတိုက် (နေပြည်တော်)အတွင်းပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၈-၂၀၂၄)
- မီးရထားလမ်းဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပနေစေရေး၊ ရထားလမ်းမြေများကို စနစ် တကျအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် နည်းပညာများကို အမြဲမပြတ်လေ့လာနိုင်ရေး Research and Develop လုပ်ငန်းများကို ဆောင်ရွက်သွားရန်လို။
- နိုင်ငံအတွက် အဓိကကျသည့် မီးရထားလမ်းများ၌ ကုန်စည်များအမြဲမပြတ်ပြေးဆွဲနိုင်ရေး ဆောင်ရွက် နေရန်လိုကြောင်း။
- မီးရထားသည် နိုင်ငံအတွက်များစွာအကျိုးရှိသည့် လုပ်ငန်းရပ်တစ်ခုဖြစ်သဖြင့် မြန်မာ့မီးရထား အား ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလို။
- တောင်ငူနန်းတော်ရာနေရာနှင့် ကေတုမတီမြို့ရိုးအား ပြန်လည်ဖော်ထုတ်နိုင်ရေး ဆောင်ရွက်ရန် နှင့် ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာန အဆောက် အဦများကို ပြောင်းရွှေ့သွားရန်လို။
- ကေတုမတီမြို့ရိုးများ ပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက် အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုပြီး မန္တလေးနန်းတော်ရှိ စည်ရှည်တံတား ပြန်လည် တည်ဆောက်ရန်အတွက် လိုအပ်သည့်အချက် အလက်များနှင့် အထောက်အထားများ ပြည့်စုံ အောင် ပြုစုဆောင်ရွက်ရန်လို။
Add new comment