သထုံမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ တံတားတစ်စင်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ဩဂုတ်လ ၂ ရက်တွင် အများပြည်သူအားထားအသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ သံကူကွန်ကရစ် အမျိုးအစားတံတားအမှတ် (၃/၁၃၆) အား KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားပြိုကျပျက်စီးသွားခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်း သွားလာမှု ရပ်တန့်ခဲ့သဖြင့် သက်ဆိုင်ရာ လမ်း/တံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ယာယီတံတားကို အချိန်နှင့်တစ်ပြေးညီ ပြန်လည် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ရာ ယာဉ်များအားလုံးပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပါသည်။

အကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲမှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လမ်းတံတားများအား လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်းမရှိစေရေး တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ ပြည်သူလူထု၏သွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများကို ထိခိုက်အောင်လုပ်ဆောင်လျက် ရှိသည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်ဆီး ခဲ့သည့် တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၈-၂၀၂၄)

  • ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ သံကူကွန်ကရစ် အမျိုးအစားတံတားအမှတ် (၃/၁၃၆) အား KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက် ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားပြိုကျပျက်စီးသွားခဲ့ပြီး ယာဉ်ကြီး/ ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု ရပ်တန့်ခဲ့။
  • အကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲမှု ၆ ကြိမ်အထိ ပြုလုပ်ခဲ့။

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 128764190866dfadbe478924.60106106 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).